ဆန်တီယာ ဇွန် ၁၄
ချီလီနိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုဖြစ်ပေါ်နေသည့် ဒေသရှိ ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်း နိုင်ရန် ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေး အဖွဲ့များက နေ့ရောညပါ ကူညီ ဆောင် ရွက်ပေးနေကြောင်း သိရသည်။
ဘီယို ဘီယို ဒေသ အာရာအူကိုမြို့ တွင် မိုးသည်းထန်မှုကြောင့် မြစ်ရေ လျှံတက်လာပြီးနောက် နေရပ် ရွှေ့ ပြောင်းရန် အာဏာပိုင်များက ညွှန်ကြား ထားပြီး ရဲတပ်ဖွဲ့ဝင်များကိုလည်း စေလွှတ်ထားကြောင်း သိရသည်။
ရေကြီးမှုအတွင်း လူနေအိမ်ခြေ ၄၀၀ ခန့် ရေဖုံးလွှမ်းသွားပြီး ဘီယို ဘီယို ဒေသတစ်ဝန်း ရေကြီးမှု သတိပေး ချက်ကို အနီရောင်အဆင့် သတိပေး ချက် ထုတ်ပြန်ထားကာ လာမည့် ရက်ပိုင်းတွင်မူ မိုးရွာသွန်းမှု အတန်ငယ် အားပျော့သွားနိုင်ကြောင်း မိုးလေဝသ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
(ref: AP)