နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် AI ပညာရှင်လူငယ်များ မွေးထုတ်ရန် ဘတ် ရှစ်ဘီလျံ ရင်းနှီးမြှုပ်နှံမည်

ဘန်ကောက် ဇွန် ၁၄

ထိုင်းနိုင်ငံ သိပ္ပံသုတေသနနှင့် တီထွင်ဆန်းသစ်ရေးအဖွဲ့အစည်း(TSRI)သည် AI နည်းပညာ ၊ EV ယာဉ်ပိုင်းနှင့် Quantum နည်းပညာပိုင်းများတွင် လူငယ်သုတေသနပညာရှင်များ ပေါ်ပေါက်လာရန် ဘတ် ရှစ်ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ဇွန် ၁၃ ရက်တွင် ကြေညာသည်။ 

၂၀၂၅ ခုနှစ်တွင် ထိုင်းအစိုးရသည် အေဂျင်စီနှင့်အင်စတီကျုရှင်း ၁၉၅ ခုအတွက် ဘတ်ဂျက် ဘတ် ၁၉ ဒသမ ၃ ဘီလျံ ချပေးမည်ဖြစ်ပြီး ဘတ် ရှစ် ဘီလျံကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်  ၂ ဒသမ ၅ ဘီလျံကို လူငယ်သုတေသနပညာရှင်များ ဖော် ထုတ်ရေးအတွက်   သီးသန့်သုံးစွဲ သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် သုတေသနပညာရှင် ၂၅၀,၀၀၀ ရှိပြီး ယင်းသည် လူ ၁၀,၀၀၀ လျှင် ၂၄ ဦးနှုန်း ဖြစ်ကာ ၂၀၂၇ ခုနှစ် တွင် နိုင်ငံသား ၁၀,၀၀၀ လျှင် သုတေသနပညာရှင် ၄၂ ဦးအထိ ရှိလာရန် လျာထားပြီး  ယင်းအတွက် လည်း ဘတ်ဘီလျံ ၃၀ ရင်းနှီးမြှုပ်နှံ ရန် လိုအပ်မည်ဖြစ်ကြောင်း TSRI ဥက္ကဋ္ဌ ပတ္တာမာဝါဒီး ပိုချန်နုကူလ်က ပြောသည်။

ထို့ပြင် ကျွမ်းကျင်လုပ်သားအရေ အတွက်ကိုလည်း ၃ ဒသမ ၉၅ သန်း ရှိရာမှ ၂၀၂၇ ခုနှစ်တွင် ၁၅ ဒသမ ၂ သန်းအထိ မြင့်တက် လာစေ ရန် ရည်မှန်းထားပြီး ကျွမ်းကျင် လုပ်သား တစ်ဦး၏  တစ်နှစ်တာ လုပ်ခလစာကို  လက်ရှိ ဘတ် ၂၄၈,၀၀၀ မှ ဘတ် ၅၁၃,၀၀၀ အထိ တိုးပေးနိုင်ရန်မျှော်မှန်း ထားကြောင်း ဥက္ကဋ္ဌ ပတ္တာမာဝါဒီးက ပြောသည်။                                                                     








(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ