ဘာလင် ဇွန် ၁၄
ဂျာမနီနိုင်ငံတွင် အင်အားလျော့ပါး နေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို မြှင့်တင်ရန်အတွက် ဆန္ဒအလျောက် စစ်မှုထမ်းနိုင်သည့် စနစ်သစ် တစ်ခုကို ဂျာမနီကာကွယ်ရေးဝန်ကြီးက ဇွန် ၁၃ ရက်တွင် အဆိုပြုတင်ပြသည် ။
စစ်မှုမထမ်းမနေရ စနစ်နှင့် ပတ်သက်၍ အစိုးရအဖွဲ့အတွင်း ဆန့်ကျင်မှုများ ပေါ်ပေါက်လာပြီး နောက် မိမိသဘောအလျောက် စစ်မှု ထမ်းရမည့်စနစ်သစ်ကို ကာကွယ်ရေး ဝန်ကြီး ဘောရစ်ပစ္စတိုရပ်စ်က အဆိုပြု လိုက်ခြင်းဖြစ်သည်။
အသက် ၁၈ နှစ် ပြည့်ပြီးသည့် ဂျာမန်အမျိုးသားအားလုံး စစ်မှုထမ်းရန် စိတ်ပါဝင်စားမှုရှိ၊ မရှိ တိုင်းတာမည့် မေးခွန်းလွှာကို ဖြည့်သွင်းရ မည်ဖြစ်ပြီး အမျိုးသမီးများကမူ စိတ်ကြိုက် ဆုံး ဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အသင့်လျော်ဆုံးသူများ ကို ရွေးချယ်ကာ အခြေခံစစ်မှုထမ်း အဖြစ် ခြောက်လထမ်းဆောင်ရန် အုပ်စုတစ်စု ဖွဲ့စည်းထားမည်ဖြစ်ပြီး ယင်းတို့ထဲမှ စိတ်အားထက်သန်၍ ရွေးချယ်ခံရသူများကိုမူ ၁၇ လအထိ သက်တမ်းတိုးစစ်မှုထမ်းစေမည် ဖြစ်သည်။
ယခုပုံစံသစ်သည် တစ်နှစ်လျှင် ဆန္ဒအလျောက် စစ်မှုထမ်းလိုသည့် လူငယ်အရေအတွက် ၅,၀၀၀ မှ ၁၅,၀၀၀ အထိ တိုးမြင့်လာစေရန် ရည်ရွယ်ကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြောသည်။
(ref:Reuters)