နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခါရှိုဂျီ အသတ်ခံရသည့်ဖြစ်ရပ်အတွက် ဆော်ဒီနိုင်ငံသား ၂၀ ကို တူရကီနိုင်ငံတွင် မျက်ကွယ်ရုံးတင်စစ်ဆေး

အန်ကာရာ   ဇူလိုင်    ၄


၂၀၁၈ ခုနှစ်က ဂျာနယ်လစ် ခါရှိုဂျီကို သတ်ဖြတ်မှုအတွက် ဆော်ဒီနိုင်ငံသား ၂၀ ဦးကို တူရကီနိုင်ငံတွင် မျက်ကွယ်ရုံးတင်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်ကို ဝေဖန်ရေးသားသည့် ဝါရှင်တန်ပို့စ်သတင်းစာမှ ဆောင်းပါးရှင် ခါရှိုဂျီမှာ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီအေးဂျင့်များအဖွဲ့၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ တူရကီနိုင်ငံတွင် မျက်ကွယ်ရုံးတင်စစ်ဆေးမှုလုပ်နေသည့် တရားပြိုင် ၂၀ ဦးအနက် ၂ ဦးမှာ ယခင်က အိမ်ရှေ့မင်းသား၏ လက်အောက်တွင် တာဝန်ထမ်းဆောင် ခဲ့သူများဖြစ်သည်။ ခါရှိုဂျီ အသတ်ခံရသည့်ဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဘင်ဆယ်မန်က ငြင်းဆန်ထားသည်။


ဆော်ဒီနိုင်ငံမှာ ခါရှိုဂျီ အသတ်ခံရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က လူရှစ်ဦးကို စီရင်ချက် ချမှတ်ခဲ့သည်။ ခါရှိုဂျီကို သတ်ရာတွင် တိုက်ရိုက်ပါဝင်ခဲ့သူငါးဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အဆိုပါပြစ်မှုကို ဖုံးကွယ်ခဲ့သူသုံးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ သို့သော် ရုံးတင်စစ်ဆေးရန်အတွက် သံသယရှိသူများကို လွှဲပြောင်းပေးအပ်ရန် တူရကီနိုင်ငံ၏ တောင်းဆိုမှုကို ဆော်ဒီနိုင်ငံက ပယ်ချခဲ့သည်။                                                               


 KNT






အခြားဆက်စပ်သတင်းများ