နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဂလန်းပြည်နယ်တွင် ခွေးသားတင်သွင်း၊ ရောင်းချမှုကို ပိတ်ပင်

နယူးဒေလီ   ဇူလိုင်    ၄


အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်တွင် ခွေးသားတင်သွင်းမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများကို ပိတ်ပင် လိုက်သည်။ တိရစ္ဆာန်ကောင်းကျိုးလှုပ်ရှားသည့်အဖွဲ့များက မဆုတ်မနစ် လှုပ်ရှားခဲ့ပြီးနောက် နာဂလန်း ပြည်နယ်အစိုးရက ယခုကဲ့သို့ ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်မှာ အိန္ဒိယနိုင်ငံတွင် ခွေးများကို ရက်စက်မှုအဆုံးသတ်စေသည့် အဓိကအလှည့်အပြောင်းတစ်ရပ်ဖြစ်သည်ဟု တိရစ္ဆာန်  ကောင်းကျိုးလှုပ်ရှားသည့်အဖွဲ့များက ပြောသည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများက အဆိုပါ ပိတ်ပင်မှုကို ဝေဖန်ခဲ့ကြပြီး နာဂလန်းပြည်နယ်၏ စားသောက်မှုထုံးတမ်းစဉ်လာအပေါ် တိုက်ခိုက် ခြင်းဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။ 


အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် ခွေးသားစားခြင်းကို တရားမဝင်ဟု သတ်မှတ်ထားသည်။ သို့သော် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် ခွေးသားကို အရသာရှိသည့် စားစရာတစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ အသားစိမ်း ရောင်းချသည့်ဈေးတစ်ခုတွင် အိတ်များအတွင်းမှ ခွေးများ ရုန်းကန်လှုပ်ရှားနေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာခဲ့ပြီးနောက် နာကြည်းခံပြင်းမှုများ ဖြစ်ပေါ်လာခဲ့ရာ ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဟု အိန္ဒိယမီဒီယာက ပြောသည်။ သို့သော် အဆိုပါပိတ်ပင်မှုကို ဥပဒေအရ စည်းကြပ်နိုင်ရန် မည်ကဲ့သို့ စီစဉ်ထားသည်ဆိုခြင်းကို နာဂလန်းအစိုးရအဖွဲ့က အသေးစိတ်ပြောကြားခြင်းမရှိသေးပေ။                                                                                                                     


  KNT






အခြားဆက်စပ်သတင်းများ