ဝယ်လင်တန် ဇွန် ၁၃
မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားအကြား စစ်မဲ့ဇုန်တစ်လျှောက်ရှိ ကုလသမဂ္ဂ လုံခြုံရေးတပ်ရင်းသို့ စစ်မှု ထမ်း ၄၁ ဦး ထပ်မံစေလွှတ်မည်ဟု နယူးဇီလန်ကာကွယ်ရေးဝန်ကြီးက ဇွန် ၁၂ ရက်တွင် ပြောသည်။
ကုလကွပ်ကဲသည့် လုံခြုံရေး တပ်ရင်း၌ မူလက နယူးဇီလန်တပ် အင်အား ၁၂ ဦးသာရှိရာမှ ယခုအခါ ၄၁ ဦးထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ၅၃ ဦးအထိရှိလာပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ၎င်း၏ထောက်ပံ့မှုကို ပြသခြင်း ဖြစ် ကြောင်း သိရသည်။
ထို့ပြင် နယူးဇီလန်သည် တောင် ကိုရီးယား၌ တပ်ဖြန့်နိုင်မှု ကာလ ကိုလည်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ အထိသက်တမ်းတိုးမြှင့်ထားပြီး ပင်လယ်နီသို့ ရေကြောင်းလုံခြုံရေး အဖွဲ့စေလွှတ်ခြင်း အပါအဝင် နိုင်ငံ တကာဆက်ဆံရေးကိုလည်း တိုးမြှင့် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။
(ref:Reuters)