နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗာဆိုင်းနန်းတော်အမိုး မီးလောင်မှုဖြစ်ပွား

ပဲရစ် ဇွန် ၁၃

ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော် တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခြင်း ကြောင့် လာရောက်လည်ပတ်သည့် ဧည့်သည်များကို  ဘေးလွတ်ရာ ရွှေ့ ပြောင်းပေးထားရကြောင်း ဇွန် ၁၂ ရက် သတင်းများတွင် ဖော်ပြချက် အရ သိရသည်။

လူဝီ ၁၄ ဘုရင်အတွက် ၁၇ ရာစုတွင် တည်ဆောက်ခဲ့သည့် ဗာဆိုင်း နန်းတော်သည် ပြင်သစ်တော်လှန်ရေး နှင့် ၁၇၈၉ ခုနှစ်တွင် ဘုရင်စနစ်ကို ဖြုတ်ချပြီးချိန်အထိ အဓိက တော်ဝင် အိမ်တော်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမိုးဧရိယာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အမြန် ဆုံး ပြန်လည် ထိန်းချုပ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

ဗာဆိုင်းနန်းတော်သည် အိုလံပစ် အားကစားပြိုင်ပွဲ၏ မြင်းစီးပြိုင်ပွဲနှင့် အခြားအခမ်းအနားများကို လက်ခံ ကျင်းပသည့် နေရာလည်း ဖြစ်ပြီး နှစ်စဉ် လာရောက် လည်ပတ်သူသည် လူ ခုနစ်သန်းကျော်ရှိကြောင်း  သိရ သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် ၂၀၁၉ ခုနှစ်ကလည်း နော့တာဒိမ်း ဘုရားရှိခိုးကျောင်းကြီး၏  ခေါင်မိုး မီးလောင်ဖူးပြီး  အလယ်ခေတ် အဆောက် အဦကြီးကို မီးတောက်များ ဝါးမျိုသွားသည့်  မြင်ကွင်းကြောင့် ကမ္ဘာတစ်ဝန်းကြည့်ရှုသူများ အထိတ် တလန့်  ဖြစ်ခဲ့ရသည်။       






(ref:AFP)






အခြားဆက်စပ်သတင်းများ