ဟနွိုင်း ဇွန် ၁၃
ဗီယက်နမ်နိုင်ငံ၌ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် အိမ်ပေါင်း ထောင်နှင့်ချီ၍ ရေနစ်မြုပ်ကာ နိုင်ငံ မြောက်ပိုင်းဒေသများတွင် ရေကြီး မြေပြိုမှုများကြောင့် လူသုံးဦး သေဆုံး သွားကြောင်း အာဏာပိုင်များက ဇွန် ၁၂ ရက်တွင် ပြောကြားသည်။
မော်တော်ဆိုင်ကယ်ခရီးသွား များအတွက် ရေပန်းစားသည့် တောင် ထူထပ်ရာဒေသဖြစ်သော Ha Giang ပြည်နယ်ရှိလမ်းများပေါ်တွင် ရေများ အရှိန်ဖြင့် စီးကျနေသည်ကိုတွေ့ရပြီး မော်တော်ဆိုင်ကယ်များလည်း တိမ်း မှောက်ကာ ရေလွှမ်းမိုးမှုအတွင်း ပျက်စီး သွားကြောင်း သိရ သည်။
အဆိုပါမြို့၌ နေထိုင်သူဒေသခံ များသည် ရေလွတ်ရာ အိမ်ခေါင်မိုး များပေါ်တွင်ရပ်ကာ ကယ်ဆယ်ရေး အကူအညီများကို စောင့်နေကြပြီး အိမ်ခြေထောင်ပေါင်းများစွာ ရေမြုပ် နေကြောင်း သိရသည်။
ဗီယက်နမ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ၍ မြေပြိုမှုများဖြစ်ပေါ်ကာ လူသေဆုံးမှုများဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် နှစ်ကလည်း အလားတူဖြစ်စဉ်ကြောင့် လူပေါင်း ၁၆၉ ဦးအထိ သေဆုံးသွား ကြောင်း သိရသည်။
(ref:CNA)