နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် သရဲခြောက်သည်ဟု ကျော်ကြားသော နေရာများကို ခရီးသွားလုပ်ငန်း မြှင့်တင်ဖော်ဆောင်မည်

ဘန်ကောက် ဇွန် ၁၃

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့(TAT)သည် သရဲ ခြောက်သည်ဟု ကျော်ကြားသော နေရာများကို နိုင်ငံတကာ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအတွက် အကောင် အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် ပြောသည်။

ထိုင်းသရဲကားရုပ်ရှင်များသည် ကမ္ဘာသို့ ထိုးဖောက်နေပြီ ဖြစ်ကာ ထိုင်းယဉ်ကျေးမှုသည်လည်း ဥရောပ နှင့် အမေရိကသို့ပါ ပျံ့နှံ့နေပြီဖြစ် ရာ စပိန်နိုင်ငံမှ ခရီးသွားများ သည် ထိုင်းနိုင်ငံရှိ သရဲခြောက်သည့်နေရာ များသို့သွားရောက် လည်ပတ်ရန် အထူးစိတ်ဝင်စားကြကြောင်း TAT အဖွဲ့က ဆိုသည်။

ထို့ကြောင့် ရုပ်သံလိုင်းများစွာ သည် ထိုင်းနိုင်ငံ၌ ရုပ်ရှင် လာရောက်ရိုက် ကူးရန် စိတ်ဝင်စားနေသဖြင့် ထိုင်း နိုင်ငံတွင် သရဲခြောက်သည်ဟု နာမည် ကြီးသည့်နေရာများကို ခရီးသွား လုပ်ငန်း ဖော်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း TAT အကြီးအကဲဖြစ်သူ Siripakorn Cheawsamoot က ပြောသည်။

လက်ရှိတွင် ဟောလိဝုဒ်၏ နာမည် ကြီး Jurassic World 4 ကို ထိုင်း နိုင်ငံ၌ တစ်လကြာခန့် ရိုက်ကူးမည် ဖြစ်ရာ ယင်းမှ ဝင်ငွေဘတ်သန်း ၆၅၀ ရဖွယ်ရှိကြောင်း သိရသည်။ 









(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ