နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
AI သုံးပြီး စာမေးပွဲ မသမာမှုပြုသူ အဖမ်းခံရ

အန်ကာရာ ဇွန် ၁၃

စာမေးပွဲမေးခွန်းများ ဖြေဆိုရာတွင် AI ခေါ် ဉာဏ်ရည်တုသုံး ယာယီကိရိယာ အကူအညီနှင့် ဖြေဆိုရန် ကြိုးစားသည့် တက္ကသိုလ်ကျောင်းသားကို ဖမ်းဆီး ထားကြောင်း တူကီယဲလ် အာဏာပိုင် များက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ပြော ကြားသည်။ 

တက္ကသိုလ် စာမေးပွဲကာလအတွင်း လိမ်လည်ရန် ကြိုးစားသည့် အဆိုပါ ကျောင်းသားကို စာမေးပွဲဖြေဆိုချိန်တွင် မသင်္ကာဖွယ် အပြုအမူများတွေ့ရှိ ပြီးနောက် ရဲတပ်ဖွဲ့က ထိန်းသိမ်း လိုက်ပြီး ဆိုင်းငံ့ထောင်ကို ခေတ္တ ပို့ဆောင်ထားကာ ယင်းကို ကူညီ ဆောင်ရွက် ပေးနေသည့် အခြား တစ်ဦး ကိုလည်း ဖမ်းဆီးထားကြောင်း သိရ သည်။

မေးခွန်းများကို အင်္ကျီကြယ်သီး အဖြစ် ဖုံးကွယ်ထားသည့် ကင်မရာနှင့် ရိုက်ကူးပြီး စီးထားသည့်ဖိနပ် အောက် ခြေတွင် ဝှက်ထားသည့် Router က တစ်ဆင့် မိုဘိုင်းဖုန်းထဲရှိ ဉာဏ် ရည်တု ဆော့ဖ်ဝဲသို့ပေးပို့ကာ ဖြေဆို ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဉာဏ်ရည်တုဆော့ဖ်ဝဲများသည် အဖြေမှန်ကို ရှာဖွေပေးနိုင်ပြီး နားကြပ် ကတစ်ဆင့် ဖြေဆိုသူထံ ပြန်လည်ပေးပို့ သည့်စနစ်ဖြင့် အလုပ်လုပ်ဆောင်ခြင်း ဖြစ်သည်။                               








(ref: AP)






အခြားဆက်စပ်သတင်းများ