နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား အိုလီဆီကို ခေါ်ယူရန် ချဲလ်ဆီးအသင်း သဘောတူညီမှုရ

ဇွန်  ၁၂

ပဲလေ့စ်အသင်းနှင့် အကောင်း ဆုံး ခြေစွမ်းပြသလျက်ရှိသည့် ကွင်းလယ်ကစားသမား အိုလီ ဆီကို ခေါ်ယူရန်အတွက် ချဲလ် ဆီးအသင်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ချဲလ်ဆီးအသင်းသည် ပြီးခဲ့ သည့်နှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်း က အိုလီဆီကို ခေါ်ယူနိုင်ရန် အတွက် နီးစပ်ခဲ့ပြီး ပဲလေ့စ် အသင်းနှင့် ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ဆုံးဖြတ် ချက်ပြောင်းလဲခဲ့ပြီး ပဲလေ့စ် အသင်းနှင့်သာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည့်အတွက် အပြောင်းအရွှေ့ မအောင်မြင်ခဲ့ ခြင်းဖြစ်သည်။

သို့သော် ချဲလ်ဆီးအသင်းက အိုလီဆီကို ခေါ်ယူရန် ဒုတိယ အကြိမ် ထပ်မံကြိုးပမ်းခဲ့ပြီး ယခုအခါတွင် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ် သည်။

ပဲလေ့စ်အသင်းနှင့်အတူ ပုံစံကောင်း ပြသလျက်ရှိသည့် ကွင်းလယ်ကစားသမား အိုလီ ဆီကို ချဲလ်ဆီးအသင်းအပြင် မန်စီးတီး၊ လီဗာပူးနှင့် မန်ယူ အသင်းတို့ကလည်း အပြိုင်ခေါ် ယူရန် ပြင်ဆင်နေသည့်အတွက် ချဲလ်ဆီးအသင်းအပြင် မန်စီးတီး၊ လီဗာပူးနှင့် မန်ယူအသင်းတို့က လည်း အပြိုင်ခေါ်ယူရန်ပြင်ဆင် နေသည့်အတွက်  ချဲလ်ဆီး အသင်းက လက်ဦးမှုရယူလို သောကြောင့် တရားဝင် ဆွေးနွေး မှုများ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိတွင် ကစားသမားနှင့် လုပ်ခလစာ၊ အပြောင်းအရွှေ့ ကိစ္စရပ်များအားလုံး သဘောတူ ညီမှုရရှိခဲ့ပြီး ပဲလေ့စ်အသင်းနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှု များပြုလုပ်နေကြောင်း သိရ သည်။                                         







သူရိန်






အခြားဆက်စပ်သတင်းများ