နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
iPhone များတွင် ကိုယ်ပိုင် အေအိုင်စနစ် ထည့်သွင်းမည်

ဝါရှင်တန် ဇွန် ၁၂

Apple ကုမ္ပဏီသည် Siri နှင့် Operating Systems တို့တွင် OpenAI’s ၏ ChatGPT ကို ထည့်သွင်းပြီး အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာသည်။

iPhone ထုတ်လုပ်သည့် Apple ကုမ္ပဏီသည် Apple ပစ္စည်း အသုံးပြုသူများအတွက် ခရီးသွား လမ်းညွှန်အသုံးပြုမှု  ပိုမိုလွယ်ကူ စေရန် ရည်ရွယ်ပြီး Apple Intelligence ဟုခေါ်သည့် ကိုယ်ပိုင် AI စနစ် ကို ထည့်သွင်းသွားမည် ဖြစ်သည်။

Chat GPT တွင် စာနှင့် အကြောင်း အရာ ဖန်တီးမှုတို့ အပါအဝင် အခြား ကိရိယာများကိုလည်း အဆင့်မြှင့်တင် အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍  ပြိုင်ဘက်အချို့ကမူ     နှစ်လိုဖွယ်မရှိသည့်ပုံစံတွေ့ရကြောင်း Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က ပြောသည်။

Apple Intelligence ဆိုသည်မှာ App  အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စာရေးသည့်အခါ စာချောမွေ့စေရန် ကူညီပေးခြင်းနှင့်  အကောင်းဆုံး လမ်းညွှန်မှုများ  ပြုလုပ်ပေးမည် ဖြစ်ကာ ယင်းသုံးစွဲမှုအတွက် အပိုငွေ ပေးရခြင်းမျိုးမရှိကြောင်း သိရသည်။







(ref: Reuters






အခြားဆက်စပ်သတင်းများ