နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာအရွယ်အစားရှိ ဂြိုဟ်သစ်တစ်စင်း ရှာဖွေတွေ့ရှိ

ဆန်တီယာဂို ဇွန် ၁၂

ကမ္ဘာအရွယ်အစားရှိ ဂြိုဟ်သစ် တစ်စင်းကို အလင်းနှစ် ၅၅ နှစ်ခန့် အကွာအဝေးတွင် ရှာဖွေ တွေ့ရှိထားပြီး ယင်းဂြိုဟ်သစ်ကို SPECULOOS-3b ဟု အမည်ပေးထားကြောင်း ချီလီနိုင်ငံ သိပ္ပံပညာရှင်များက ပြောသည်။

နက္ခတ္တဗေဒပညာရှင်များသည် ဂျူပီတာဂြိုဟ်အရွယ်အစားရှိ ကြယ် တစ်စင်းကို လေ့လာရာကတစ်ဆင့် မထင်မှတ်ဘဲ  အဆိုပါဂြိုဟ်သစ်ကို တွေ့ရှိခြင်းဖြစ်ပြီး  ၎င်းကြယ်ကို လှည့်ပတ်နေသည့် ဂြိုဟ်သစ်သည် ကမ္ဘာအရွယ်အစားရှိသည်ဟု ဆိုသည်။

နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ် များအားလုံးသည် နေကို ဗဟိုပြုပြီး လမ်းကြောင်းပေါ်  လှည့်ပတ် နေသော်လည်းကြယ်များကို ဗဟိုပြု လှည့်ပတ်နေသည့် ဂြိုဟ်များလည်း ရှိကာ ၎င်းဂြိုဟ်များကိုမူ exoplanets ဟုခေါ်ကြပြီး ယခုတွေ့ရှိသည့် ကမ္ဘာ အရွယ်ဂြိုဟ်သစ်သည် exoplanet အမျိုးအစားဂြိုဟ်ဖြစ်ကြောင်း  သိရ သည်။

ကြယ်ကို  လှည့်ပတ်နေသည့် SPECULOOS-3b ဂြိုဟ်သစ်ကို ပိုမို လေ့လာနိုင်ရန် စွမ်းရည်အမြင့်မားဆုံး James Webb အာကာသအဝေးကြည့် မှန်ပြောင်းဖြင့် ဆက်လက်လေ့လာ သွားနိုင်ရန် နက္ခတ္တဗေဒပညာရှင်များက စီစဉ်လျက်ရှိသည်။







(ref: Daily Mail)






အခြားဆက်စပ်သတင်းများ