ရီယိုဒီဂျနေးယိုး ဇွန် ၁၂
ကမ္ဘာ့အကြီးဆုံး ရေတိမ်ရေဝပ် ဒေသဖြစ်သည့် ဘရာဇီးနိုင်ငံ အနောက် အလယ်ပိုင်းရှိ ပန်တာနဲလ်ဒေသတွင် လောင်ကျွမ်းနေသည့် တောမီးသည် ဘိုလီဗီးယားနိုင်ငံနယ်စပ်ဘက်သို့ ဦးတည်နေကြောင်း အာဏာပိုင်များက ဇွန် ၁၁ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မိုးရွာ သွန်းမှု အားနည်းခြင်း၏ အကျိုးဆက် ဖြစ်သည့် အဆိုပါတောမီးသည် ဇွန်လဆန်းတွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဆယ်ဆ ပိုမိုပြင်း ထန်အားကောင်းလာနေကာ ဘရာဇီး အမျိုးသား အာကာသသုတေသန အင်စတီကျူ၏ ဂြိုဟ်တုအချက် အလက်များအရ ဩဂုတ်နှင့် စက်တင် ဘာလတွင်အဆိုးဆုံးအခြေအနေကို ရောက်လာနိုင်ကြောင်း သိရသည်။
ဘရာဇီး ကမ္ဘာ့တောရိုင်း တိရစ္ဆာန် များ ဖောင်ဒေးရှင်းကလည်း ယခု ဖြစ်ပေါ်နေသည့် တောမီးသည် ၂၀၂၀ ပြည့် နှစ်ကဲ့သို့ အဖြစ်မျိုးနှင့် အလားတူ ဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု သတိ ပေးထားပြီး ထိုစဉ်က တောမီးကြောင့် ဘရာဇီး ပန်တာနဲလ် ရေတိမ် ရေဝပ် ဒေသ ၁၆ ရာခိုင်နှုန်း မီးသင့်ပျက်စီးခဲ့ သည်။
(ref:AFP)