နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြားဖြတ်ရွေးကောက်ပွဲအချိန်စော ကျင်းပရန် ပြင်သစ်သမ္မတ ရုတ်တရက်ကြေညာ

ပဲရစ် ဇွန် ၁၂

ပြင်သစ်ပါလီမန် ကြားဖြတ် ရွေးကောက်ပွဲကို  ယခုလကုန်ပိုင်းတွင် အချိန်စောကျင်းပရန် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဇွန် ၁၁ ရက် တွင် ကြေညာသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပ ပြီးစီးသွားသည့် အီးယူပါလီမန် ရွေးကောက်ပွဲတွင် လက်ယာ စွန်း ခေါင်းဆောင် မာရင်လီပန်၏ ပါတီ သည် ၃၂ ရာခိုင်နှုန်းရရှိခဲ့ပြီး မက်ခရွန်၏ ပါတီက ၁၅ ရာခိုင်နှုန်း ရရှိပြီးနောက် ယခုကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲ စောစီးစွာကျင်းပရန် ကြေညာ လိုက်ခြင်း ဖြစ်သည်။

သမ္မတမက်ခရွန်သည် လက်ရှိ သမ္မတ သက်တမ်း ကုန်ဆုံးရန် သုံးနှစ် ကျန်ရှိနေပြီး အကယ်၍ ကြားဖြတ် ရွေး ကောက်ပွဲတွင် မာရင်လီပန်၏ ပါတီသာ အနိုင်ရပါက  သမ္မတမက်ခရွန်သည် ပြည်တွင်း ရေးရာတွင် ဩဇာလွှမ်းမိုးနိုင်စွမ်းလျော့နည်းသွားမည်ဖြစ်သည်။

လာမည့် ၂၀၂၇ ခုနှစ်   ပြင်သစ် အထွေထွေရွေးကောက်ပွဲတွင် လက်ယာ စွန်းခေါင်းဆောင်မာရင် လီပန် သည် ထိပ်ဆုံးကဦးဆောင်လာ နိုင်ကြောင်း နိုင်ငံအတွင်း ထင်ကြေးပေးခံရမှုများ ထွက်ပေါ်လျက်ရှိသည်။









(ref:AP)






အခြားဆက်စပ်သတင်းများ