နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Move Forward ပါတီ ဖျက်သိမ်းရေး ကြားနာမည်

ဘန်ကောက် ဇွန် ၁၂

ရွေးကောက်ပွဲအနိုင်ရသော်လည်း အတိုက်အခံဖြစ်နေသည့် Move Forward ပါတီအား ဖျက်သိမ်းပေးရန် လျှောက်ထားမှုကို အခြေခံဥပဒေ ခုံရုံးက ဇွန် ၁၂ ရက်တွင် စတင်ကြားနာမည် ဖြစ်သည်။

ထီးနန်းကို ဝေဖန်ခြင်းမပြုရန် ကာကွယ်ပေးထားသည့် ဥပဒေကို ပြင်ဆင်ရန်  လှုံ့ဆော်ခြင်းကြောင့် ယင်းပါတီကို  ဖျက်သိမ်းပေးရန် ရွေး ကောက်ပွဲကော်မရှင်၏ လျှောက်ထား ချက်ကို ကြားနာမည်ဟု တရားရုံးက ဆိုသည်။

ဘုရင်ကိုဝေဖန်ခြင်းကြောင့် ပြီးခဲ့ သည့်နှစ်အနည်းငယ်အတွင်း လူ ၂၆၀ ထက်မနည်း စွဲချက်တင်ခဲ့ပြီးဖြစ်ကာ ထိုင်းဘုရင်၊ မိဖုရား၊ ဆက်ခံသူ၊ ရင်ခွင် ပိုက်အုပ်စိုးသူ၊ အသရေဖျက်၊ စော်ကား၊ ခြိမ်းခြောက်သူမှန်သမျှကို ထောင်ဒဏ် သုံးနှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်းနိုင်ငံ၏ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၅ တွင် ဖော်ပြထားသည်။

Move Forward ပါတီသည် ယင်း ဥပဒေပုဒ်မကို ပြင်ဆင်ရန် ကြိုးစား ခြင်းသည် အခြေခံဥပဒေ နှင့်မညီဘဲ ဘုရင်ကို နိုင်ငံ့ဦးသျှောင်အဖြစ် သတ်မှတ်ထားသည့်  အစိုးရစနစ် တစ်ရပ်လုံးကို ဖယ်ရှားရန် ကြိုးစားရာ ရောက်သည့်အတွက် ရပ်တန့်ရန် ခုံရုံး က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Move Forward ပါတီခေါင်းဆောင် ဟောင်းနှင့် အကြံပေးအရာရှိချုပ် ပီတာ လုကျရွန်းရတ် ကမူ အခြေခံဥပဒေအရ ခုံရုံးတွင် ပါတီဖျက်သိမ်းခွင့် မရှိသလို ဖြစ်မလာသေးသည့် ကိစ္စတစ်ခုအတွက် အပြစ်ပေးခွင့်မရှိကြောင်း ထောက်ပြ ပြောဆိုထားသည်။








(ref:CNA)






အခြားဆက်စပ်သတင်းများ