နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အော်ရီဂွန်ကမ်းခြေတွင် ခုနစ်ပေ အရှည်ရှိ ရှားပါး hoodwinker ငါးတစ်ကောင် တွေ့ရှိ

ဝါရှင်တန် ဇွန် ၁၁

ယခုသီတင်းပတ်အစောပိုင်းက အော်ရီဂွန် ကမ်းရိုးတန်းကမ်းခြေတွင် ၇ ဒသမ ၃ ပေ အရှည်ရှိ ရှားပါး hood winker ငါးတစ်ကောင် ကမ်းကပ်နေ သည်ကို တွေ့ရှိကြောင်း Seaside Aquarium အဖွဲ့က ထုတ်ပြန်ပြောကြား သည်။

အဆိုပါ အရွယ်အစားကြီးမား လွန်း သည့် ရေနေမျိုးစိတ်ကို အော်ရီဂွန် အနောက်မြောက်ပိုင်း၊  ဂီရာဟတ် ကမ်းခြေတစ်လျှောက်  တွေ့ရှိခြင်း ဖြစ်ပြီး ၎င်းတို့သည် တောင်ပိုင်း ကမ္ဘာခြမ်း၏ သမပိုင်း ရေပြင်တွင်သာ နေထိုင်သည်ဟု ကနဦး ယူဆ ချက်များ တွင် ဖော်ပြသည်။

သို့ရာတွင် အဆိုပါ ငါးများသည် ကယ်လီဖိုးနီးယား ကမ်းခြေနှင့် အလက် စကာမြောက်ဘက်စွန်းပိုင်းအထိ မျောပါ ကျက်စားလာကြပြီး ယခုတွေ့ရှိရသည့် ဧရာမ hoodwinker ငါးသည် ရက် သတ္တပတ်ကြာသည်အထိ ကမ်းခြေတွင် ရှိနေကြောင်း သိရသည်။








(ref: AFP)






အခြားဆက်စပ်သတင်းများ