နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံအတွင်း လက်ဝတ်ရတနာဝယ်လိုသူ ပမာဏ ကျဆင်း

ပေကျင်း ဇွန် ၁၁

တရုတ်နိုင်ငံတွင် ရွှေစျေးတက် ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု တိုးလာ သော်လည်း လက်ဝတ်ရတနာ အဖြစ် ဝယ်ယူသူအရေအတွက် ကျဆင်း လာကြောင်း တရုတ်နိုင်ငံပိုင် သတင်း များတွင် ဖော်ပြသည်။

တရုတ်နိုင်ငံအတွင်း ရွှေစျေး သည် တစ်ဂရမ်လျှင် ယွမ် ၅၅၀ (၈၆ ဒေါ်လာဝန်းကျင်)တွင် ရှိနေပြီး ရွှေချောင်းများသည်သာ တန်ဖိုး ထိန်းထားနိုင်သည့် အကောင်းဆုံး ပစ္စည်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူ များက ပြောသည်။

ထို့ကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံ ရန် ရွှေချောင်းများ ဝယ်ယူနေကြပြီး ရွှေချောင်းစျေးကွက် ဖြစ်ထွန်းနေ သော်လည်း ရွှေလက်ဝတ်ရတနာ စျေးကွက် ကျဆင်းလာကြောင်း၊ ရွှေစျေး တစ်ဂရမ်လျှင် ယွမ် ၄၀၀ နှင့် ၅၀၀ ကြားရှိစဉ်က လက်ဝတ် ရတနာကို ပိုမိုဝယ်ယူကြကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လများတွင် တစ်လလျှင် အရောင်း အဝယ်ဝင်ငွေသည် ယွမ် နှစ်သန်းခန့် ပုံမှန်ရှိသော်လည်း ဧပြီနှင့် မေလ များတွင် တစ်လလျှင် ဝမ် ခုနစ်သိန်း၊ ရှစ်သိန်းဖိုးသာ ရောင်းရကြောင်း ပေကျင်းမြို့တော်၊ ရွှေဆိုင်မန်နေဂျာ များကပြောသည်။









(ref:CNA)






အခြားဆက်စပ်သတင်းများ