တီဟီရန် ဇွန် ၁၁
အီရန်ပြည်ထဲရေးဝန်ကြီးဌာနသည် ယခုလအတွင်းကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ခြောက်ဦး၏ အမည်စာရင်းကို ဇွန် ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
အီရန်သမ္မတအီဘရာ ဟင်ရိုင်စီ သည် ပြီးခဲ့သည့်မေလက ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခြင်းကြောင့် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေ ခြင်းဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို Guar- dian Council က အတည်ပြုပေး ခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ ဖြစ်သည့် Masoud Pezeshkian၊ Mostafa Pour Mohammadi၊ Saeed Jalili၊ Alireza Zakani၊ Amirhossein Qazizadeh Hashemi နှင့် Mohammad Bagher Ghalibaf တို့သည် လာမည့် ဇွန် ၂၈ ရက်တွင် ကျင်းပမည့် ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အီရန် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ သည်။
Mohammad Bagher Ghalibaf သည် အီရန်လွှတ်တော်၏ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ်ပြီး Amir hossein Qazizadeh Hashemi သည် လက်ရှိတွင် ဒုသမ္မတအဖြစ် တာဝန် ထမ်းဆောင်နေကာ Alireza Zakani သည် တီဟီရန်မြို့တော်ဝန် ဖြစ်ကြောင်း သိရသည်။
Masoud Pezeshkian သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမား တစ်ဦးဖြစ်ပြီး Mostafa Pour Moha- mmadi သည် ကွန်ဆာဗေးတစ် ဥပဒေ ပညာရှင်တစ်ဦးဖြစ်ကာ Saeed Jalili သည် အီရန် အကြီးတန်းနျူကလီယားညှိနှိုင်းရေးမှူးတစ်ဦးဖြစ်ကြောင်း သိရ သည်။
(ref:Reuters)