နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပခရီးသွားများအတွက် ခရီးသွားလာခ လျှော့ချရန် ထိုင်းဝန်ကြီးချုပ် အတည်ပြု

ဘန်ကောက် ဇွန် ၁၁

ထိုင်းဝန်ကြီးချုပ် ဆာရီသာထဝီ ဆင်သည် ထိုင်းနိုင်ငံကို လေကြောင်း မှတစ်ဆင့် ဝင်ရောက်လာသည့် နိုင်ငံ ခြားသား ခရီးသွားများထံက ခရီးသွား လာခ ဘတ် ၃၀၀ ကောက်ခံလေ့ရှိသည့် ယခင်အစိုးရ၏ အဆိုပြုချက်ကို ပယ် ဖျက်သွားမည်ဟု ဇွန် ၁၀ ရက်တွင် ပြောသည်။

လူတစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ခံသည့်  အခကြေးငွေသည် ရေတိုဝင်ငွေ ရနိုင်သော်လည်း ခရီးသွား ဧည့်သည်များအနေဖြင့် ဈေးဝယ်ခြင်း နှင့် အခြားလုပ်ငန်းများတွင် သုံးစွဲနိုင် ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်က ပြော သည်။

ယင်းသုံးစွဲမှုများသည် စီးပွားရေး ကို လှုံ့ဆော်နိုင်ပြီး အစိုးရအတွက် အခကြေးငွေထက် ဝင်ငွေပိုရနိုင် ကြောင်း၊ အကယ်၍ အစိုးရအနေဖြင့် အခြားအခွန်ရင်းမြစ်များက အပိုဝင်ငွေ ရရှိမည်ဆိုလျှင်လည်း လိုအပ်သလို ခရီး သွားလုပ်ငန်းကို ပံ့ပိုးရန်အတွက် ရန်ပုံ ငွေ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF) ခရီးသွားလုပ်ငန်း၏ ခရီးသွားဖွံ့ဖြိုး တိုးတက်မှု အညွှန်းကိန်းအရ နိုင်ငံ ပေါင်း ၁၁၉ နိုင်ငံတွင် ထိုင်းနိုင်ငံသည် အဆင့်သတ်မှတ်ချက် ၄၇ တွင် ရှိ ကြောင်း သိရသည်။










(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ