နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်နီ သံပခြုပ်အားလုံး သေဆုံးစေသည့် ကပ်ရောဂါ အိန္ဒိယသမုဒ္ဒရာတွင် ပျံ့နှံ့

ဂျေရုဆလင် ဇွန် ၁၀

ပင်လယ်နီ သံပခြုပ်အားလုံး သေဆုံးစေသည့် ကပ်ရောဂါတစ်မျိုး သည် အိန္ဒိယသမုဒ္ဒရာတွင် ပျံ့နှံ့နေပြီး ကမ္ဘာအနှံ့ ကူးစက်သွားနိုင်ကြောင်း အစ္စရေးသိပ္ပံပညာရှင်များက သတိပေး ပြောကြားသည်။

သံပခြုပ်ကောင်များသည် သန္တာ ကျောက်တန်းများကို စောင့်ရှောက်သူ များဖြစ်ပြီး မြက်ရိတ်စက်နှင့် သဘော တရားတူကာ ရေမှော်များကို လျှော့ချ ပေးပြီး သန္တာကောင်များ ပေါက်ပွား ရန်နှင့် နေရောင်ခြည်နှင့် အစာချက် လုပ်ရန် ကူညီပေးသည်။ 

ယခုမူ သံပခြုပ်များ သေဆုံးကုန် ခြင်းကြောင့် မူလကတည်းက ပျက်စီး လွယ်နေသည့် သန္တာကျောက်တန်း ဂေဟစနစ် ပိုမိုဆိုးရွားလာကြောင်း၊ မော်လီကျူးဓာတ်ခွဲစမ်းသပ်မှုအရ ယခု ဖြစ်စဉ်နောက်ကွယ်တွင် ပတ်သိုဂျင် ဟုခေါ်သည့် ရောဂါဖြစ်ပွားစေသော ပစ္စည်းကို သိပ္ပံပညာရှင်များက တွေ့ရှိ ထားကြောင်း သိရသည်။

ပတ်သိုဂျင်များသည် သံပခြုတ် များကို နှစ်ရက်အတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားစေနိုင်သဖြင့် အရှေ့ တောင်အာရှနှင့် ဩစတြေးလျ မဟာ သန္တာကျောက်တန်းများအထိ ပျံ့နှံ့ သွားမည်ကို  စိုးရိမ်နေကြောင်း သိရ သည်။








(ref : Reuters)






အခြားဆက်စပ်သတင်းများ