ဆူခရီ ဇွန် ၁၀
ဘိုလီဗီးယား သမ္မတ လူး၀စ် အာဆေးသည် နိုင်ငံအတွင်း လစ်သီယံ ဘက်ထရီများ ထုတ်လုပ်ရန်အတွက် ရုရှားကုမ္ပဏီ ယူရေနီယံဝမ်း အုပ်စုနှင့် လုပ်ငန်းစာချုပ်တစ်ခု လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း ဇွန် ၉ ရက်တွင် ပြောသည်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ခ် တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် လက်ခံရယူသည့် အခမ်းအနားတွင် သမ္မတလူးဝစ်က ယခုကဲ့သို့ ကြေညာ ခြင်းဖြစ်ပြီး ဘိုလီဗီးယားနိုင်ငံအတွင်း ခန့်မှန်းခြေ လစ်သီယံသတ္တုရင်းမြစ် ပမာဏ တန်ချိန် ၂၁ သန်းရှိနေသည်ဟု ဆိုသည်။
အဆိုပါ သတ္တုအရင်းအမြစ်သည် ချီလီမြောက်ပိုင်းနှင့် အာဂျင်တီးနား နိုင်ငံကြားရှိ လစ်သီယံ တြိဂံနယ်မြေ ဒေသနှင့် နယ်နိမိတ်ချင်းဆက်စပ်နေ သည့် နယ်မြေတွင်ရှိပြီး လက်ရှိတွင် ဘိုလီဗီးယား သမ္မတသည် စိန့်ပီတာ စဘတ်ခ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို တက်ရောက်နေကြောင်း သိရသည်။
(ref:AFP)