နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာလုံးကြီးကို ပထမဆုံး ရောင်စုံဓာတ်ပုံ ရိုက်ခဲ့သူ အာကာသယာဉ်မှူးကြီး ကွယ်လွန်

ဝါရှင်တန် ဇွန် ၁၀

လွန်ခဲ့သည့် နှစ်ပေါင်း ၅၅ နှစ် ကျော်က လမျက်နှာပြင်မှ ကမ္ဘာကြီး ကို လှမ်းမြင်ရသည့်အတိုင်း ပထမဆုံး သမိုင်းဝင် ရောင်စုံဓာတ်ပုံကို ရိုက်ကူး ခဲ့သူ အမေရိကန် အာကာသယာဉ် မှူးကြီး ‌ဝီလီယံအန်ဒါသည် ဇွန် ၈ ရက်က လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားပြီဖြစ်သည်။

အသက် ၉၀ အရွယ်တွင် ကွယ်လွန် သွားသည့် အန်ဒါသည် အမေရိကန် အာကာသယာဉ်မှူးများ၏ ပထမဆုံး လကမ္ဘာခရီးစဉ် Apollo 8 အာကာသ ယာဉ်တွင် လိုက်ပါခဲ့ သူ သုံးဦးအနက် တစ်ဦးဖြစ်ပြီး  ၁၉၆၃ ခုနှစ်တွင် နာဆာသို့  စတင်ဝင်ရောက်ခဲ့သူဖြစ် သည်။

၎င်းကိုယ်တိုင် မောင်းနှင်ပြီး တစ်ဦးတည်း  လိုက်ပါလာသည့် လေယာဉ်ငယ်သည် ဝါရှင်တန်ပြည် နယ် ကမ်းလွန်တွင် ပျက်ကျသွား ခြင်းဖြစ်ပြီး ပျက်ကျသည့် နေရာတွင် ရှာဖွေမှုများ လုပ်ဆောင်နေဆဲဖြစ် ကြောင်း သိရသည်။

အာကာသယာဉ်မှူးကြီး အန်ဒါ သည် ၁၉၆၈ ခုနှစ်က  အမေရိကန် အာကာသယာဉ်မှူး  ဖရန့်ခ်ဘိုမန် ၊ ဂျိမ်းစ်လက်ဗဲလ်တို့နှင့်အတူ Apollo 8 အာကာသယာဉ်ဖြင့်  လကမ္ဘာကို သွားခဲ့ပြီး ခရီးစဉ်အတွင်း ကမ္ဘာလုံး ကြီး၏ ပထမဆုံး ရောင်စုံဓာတ်ပုံကို အာကာသထဲက ရိုက်ကူး ပေးပို့ခဲ့သည်။

ယင်းဓာတ်ပုံကြောင့် လူသားများ သည်  ကမ္ဘာဂြိုလ်ကြီးအပေါ် အမြင် ပြောင်းလဲသွားပြီး အာကာသစူးစမ်းမှု လုပ်ရသည့် အနှစ်သာရများကို သိရှိ လာခြင်းဖြစ်ကြောင်း နာဆာအကြီး အကဲ Bill Nelson က ပြောသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ