ကွာလာလမ်ပူ ဇွန် ၁၀
မလေးရှားနိုင်ငံတွင် အထောက် အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခု သီတင်းပတ်တွင် ဆာဘားပြည်နယ် ကမ်းရိုးတန်းတစ်ဝိုက်ရှိ ပင်လယ်ပျော် အသိုင်းအဝိုင်းမှ လူပေါင်း ၅၀၀ ကျော် ကို ၎င်းတို့၏ နေအိမ်များမှ နှင်ထုတ် လိုက်ကြောင်း ဒေသခံတက်ကြွလှုပ်ရှား သူများက ပြောသည်။
ယင်းသို့နှင်ထုတ်ခြင်းသည်လုံခြုံ ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ် ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လုံခြုံရေးအဖွဲ့တာဝန်ရှိသူများက ပြော သည်။ ကမ်းရိုးတန်း ခြေတံရှည် တဲအိမ် များ၊ ခနော်ခနဲ့ လှေအိမ်များတွင် နေထိုင်ကြပြီး နိုင်ငံမဲ့အများစုဖြစ် သည့် Bajau Laut အရပ်မှပင်လယ် အခြေပြုနေထိုင်သူ ၅၀၀ ကျော်၏ နေအိမ်များကို လုံခြုံရေးအဖွဲ့ တာဝန် ရှိသူများက ယခုသီတင်းပတ်အတွင်း ဖြိုဖျက်၊ မီးရှို့လိုက်ခြင်းဖြစ်သည်။ ပြည်နယ် ထိန်းသိမ်းစောင့်ရှောက် ရေးဌာနဖြစ်သည့် Sabah Parks မှ ထိန်းချုပ်ထားသော ကာကွယ်နယ်မြေ များတွင် ခွင့်ပြုချက်မဲ့ ငါးဖမ်းခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် လယ်ယာမြေစိုက်ပျိုးခြင်းကဲ့သို့ တရား မဝင်လုပ်ရပ်များကို ဟန့်တားရန် အာဏာပိုင်များကို အခွင့်အာဏာပေး ထားကြောင်း ဆာဘားပြည်နယ် ခရီး သွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Christina Liew က ပြောသည်။
(ref: CNA)