နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းနှင့် အမြန်ဆုံးစာရိုက်ပြနိုင်သည့် အိန္ဒိယနိုင်ငံသား သုံးကြိမ်တိုင် ကမ္ဘာ့ဂင်းနစ် စံချိန်တင်

နယူးဒေလီ ဇွန် ၁၀

အသက် ၄၄ နှစ်အရွယ် ဗီနော့တ် ကူမား ချော့ဒရီဆိုသူ အိန္ဒိယ အမျိုးသား သည် နှာခေါင်းနှင့် အမြန်ဆုံး စာရိုက် နိုင်သဖြင့် ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်သွား ပြီဖြစ်ကာ ယခုအကြိမ်သည် သုံးကြိမ် မြောက် စံချိန်ချိုးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမဆုံးစံချိန်သည် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပြီး ၂၇ ဒသမ ၈၀ စက္ကန့်အတွင်း နှာခေါင်းနှင့် စာရိုက်ပြခဲ့ခြင်းဖြစ်ကာ ယင်းနှစ်တွင်ပင် ၂၆ ဒသမ ၇၃ စက္ကန့် နှင့် နောက်တစ်ကြိမ်စံချိန်ထပ်ချိုးခဲ့ပြီး ယခုအကြိမ်သည် ၂၅ ဒသမ ၆၆ စက္ကန့် အတွင်း နှာခေါင်းနှင့်စာရိုက်ပြကာ တတိယအကြိမ် စံချိန်ချိုးနိုင်ခြင်းဖြစ် သည်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးရန်အတွက် ဗီနော့တ်သည် QWERTY Keyboard တွင် ရောမအက္ခရာများကို Space ခြားပြီး ရိုက်ပြခဲ့ကာ ယင်းကို Typing Man of India အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ 

ဗီနော့တ်သည် ယခုစံချိန် ချိုးရန် အတွက် နာရီပေါင်းများစွာ လေ့ကျင့် ခဲ့ရပြီး နှာခေါင်းနှင့် စာရိုက်ရသဖြင့် မူးဝေသည့် ရောဂါပင်စွဲကပ်လာ ကြောင်းနှင့် တစ်နေ့တာ တရားထိုင် ခြင်းနှင့် အကောင်းမြင်စိတ်ထားခြင်း များကို ပိုမိုလုပ်ဆောင်ကြောင်း သိရ သည်။








(ref: Daily Mail)






အခြားဆက်စပ်သတင်းများ