နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ဆစ်တပ်အသင်းနည်းပြ အသစ်အဖြစ် ဗန်ဘွန်းဟို့စ်ကို ခန့်အပ်

ဇွန် ၉

ဘက်ဆစ်တပ်အသင်းသည် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက တူကီယဲစူပါလိဂ်တွင် အမှတ် ပေးဇယား အဆင့်ခြောက်နေရာ  ဖြင့် ပြီးဆုံးခဲ့ပြီးနောက် အသင်း လက်မဲ့ဖြစ်နေသည့် ဖီယင်နု အသင်းနည်းပြဟောင်းဗန်ဘွန်း  ဟို့စ်ကို နည်းပြအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

နည်းပြ ဗန်ဘွန်းဟို့စ်သည် ဘက်ဆစ်တပ်အသင်းနှင့်လာ မည့် ၂၀၂၆ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး သက်တမ်းကုန်ဆုံး ပါက တစ်နှစ်သက်တမ်းတိုးခွင့် ပါရှိကြောင်း သိရသည်။

နည်းပြ ဗန်ဘွန်းဟို့စ်သည် ကစားသမားဘဝက၁၉၉၈ခုနှစ်  မှ ၂၀၀၁ ခုနှစ်အထိ ရိန်းဂျား အသင်းတွင် ကစားခဲ့ရာ အမှတ် ပေးဖလားနှစ်ကြိမ် အပါအဝင် ဆုဖလား ငါးလုံးရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အာဆင်နယ်အသင်း နှင့်အတူ ပရီးမီးယားလိဂ်ဆု ဖလား တစ်ကြိမ်၊ ၂၀၀၆ ခုနှစ် တွင် ဘာစီလိုနာအသင်းနှင့် ချန် ပီယံလိဂ်ဖလား တစ်ကြိမ်အပါ အဝင် ဆုဖလား သုံးလုံးရရှိကာ ကစားသမားဘဝ အောင်မြင်မှု များရယူနိုင်ခဲ့သည်။

ထို့နောက် ဗန်ဘွန်းဟို့စ် သည်၂၀၁၅ခုနှစ်တွင်ဖီယင်နု အသင်းနှင့်အတူ နည်းပြလောက သို့ စတင်ဝင်ရောက်ခဲ့ကာအောင် မြင်မှု အချို့ရယူနိုင်ခဲ့ပြီး ယခု အခါတွင် ကလပ်အသင်းလက်မဲ့  ဖြစ်နေရာမှ ဘက်ဆစ်တပ် အသင်း နည်းပြအဖြစ် ခန့်အပ် ခံခဲ့ရခြင်းဖြစ်သည်။ 








သူရိန်






အခြားဆက်စပ်သတင်းများ