ဝါရှင်တန်၊ ဇွန် ၉
အမေရိကန်အစိုးရသည်ဂျော်ဂျီယာ နိုင်ငံသား အချို့အပေါ် ဗီဇာ ကန့်သတ်မှု များ ချမှတ်ရန် ပြင်ဆင်နေပြီး ယင်းတို့ ထဲတွင် ဂျော်ဂျီယန်ပါတီဝင်များ၊ ပါလီမန်အမတ်များနှင့်တရားဥပေဒ စိုးမိုးရေးဌာန တာဝန်ရှိသူများ ပါဝင် ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ဂျော်ဂျီယာတွင် ပြည်ပသူလျှိုများဆိုင်ရာ ဥပဒေကို ပါလီမန်က အတည်ပြုပြီး ဂျော်ဂျီယာ သမ္မတကို လက်မှတ် ရေးထိုး အတည်ပြုပေးရန် ပေးပို့ခဲ့သည်။
သို့ရာတွင် ဂျော်ဂျီယာသမ္မတက ယင်းဥပဒေကြမ်းကို ဗီတိုအာဏာ သုံး ပယ်ချလိုက်ပြီး ပါလီမန်က မဲခွဲ ဆုံးဖြတ်သည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဟု ပြောင်းပြန်လုပ် ဆောင်လိုက်သဖြင့် ယင်းအပေါ် လူထု ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိ သည်။
ယင်းနှင့်ပတ်သက်၍ အမေရိကန်က ဂျော်ဂျီယာ နိုင်ငံ့ခေါင်းဆောင်များ၏ ယခုလုပ်ရပ်အပေါ် ပြန်လည်သုံးသပ်ရန် မျှော်လင့်ကြောင်းနှင့်နောက်ဆက်တွဲ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သယူးမီလာက ပြောသည်။
(ref:AFP)