နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူလိုက်ပါသည့် ပထမဆုံး အာကာသယာဉ်ဘိုးရင်း နိုင်ငံတကာအာကာသစခန်း ရောက်ရှိ

ဝါရှင်တန်၊ ဇွန် ၉

အမေရိကန်နိုင်ငံ လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဘိုးရင်း ကုမ္ပဏီ၏ လူလိုက်ပါသည့် ပထမဆုံး အာကာသယာဉ် Starliner သည် နိုင်ငံတကာ အာကာသစခန်း ( ISS )နှင့် အောင်မြင်စွာ ချိတ်ဆက် နိုင်ပြီဖြစ်ကြောင်း သိရသည်။

အာကာသယာဉ်၏ တွန်းကန် အားပေး စနစ်တွင် စိန်ခေါ်မှုများရှိ သော်လည်း အာကာသယာဉ်မှူး နှစ်ဦးဖြစ်သည့် ဘွတ်ချ်ဝီးလ်မိုးနှင့် ဆူနီဝီလီယမ်တို့ လိုက်ပါလာသည့် Starliner ယာဉ်သည် အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်ခြမ်းတွင် နိုင်ငံတကာ အာကာသယာဉ်နှင့်အောင်မြင်စွာ ချိတ်ဆက်မိခြင်း ဖြစ်သည်။

အာကာသယာဉ်‌ ပျံသန်းနေစဉ် ဖြစ်ပေါ်လာသည့် ပြဿနာများ ကို ရေတပ် တိုက်လေယာဉ်မှူးဟောင်း နှစ်ဦး ဖြစ်သလို ယခင်ကလည်း အာကာသထဲကို နှစ်ကြိမ်ရောက်ရှိပြီး ဖြစ်သည့် အာကာသယာဉ်မှူးနှစ်ဦးက ဖြေရှင်း လိုက်ပြီးနောက် မူလရည်မှန်း ထားသည်ထက် တစ်နာရီ နောက်ကျ ပြီး နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။

Starliner သည် အမေရိကန် နိုင်ငံက တည်ဆောက်သည့် ဆဋ္ဌမ မြောက် အာကာသယာဉ်ဖြစ်ပြီးယခု မစ်ရှင်သည် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ် များအကြား နာဆာ လုပ်ဆောင်ခဲ့ သော Mercury  ၊ Gemini နှင့် Apollo အာကာသ စီမံကိန်းများ နောက်ပိုင်း ထင်ရှားသော စီမံကိန်း တစ်ခုဖြစ်သည်။    








(ref: Reuters)






အခြားဆက်စပ်သတင်းများ