ခတ္တမန္ဒူ၊ ဇွန် ၉
တရုတ်ဒရုန်း ထုတ်လုပ်ရေးကုမ္ပဏီ (DJI)သည် ဧဝရတ် တောင်ပေါ်ကို ကမ္ဘာ့ပထမဆုံး ဒရုန်းနှင့်ပစ္စည်း ပို့ ဆောင်မှု အောင်မြင်ပြီဖြစ်ကြောင်း ဇွန် ၈ ရက်တွင် ပြောသည်။
အဆိုပါ ဒရုန်းသည် အောက်ဆီဂျင် ပုလင်း သုံးလုံးနှင့် အလေးချိန် ၁ ဒသမ ၅ ကီလိုဂရမ်ရှိ အခြားထောက်ပံ့ရေး ပစ္စည်းများကို ဧဝရတ်တောင် အခြေ စိုက်စခန်းမှ စခန်းအမှတ် ၁ သို့ သယ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အမြင့်မီတာ ၆,၀၀၀ ကျော်ရှိ စခန်း အမှတ် ၁ မှ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၅,၃၆၄ မီတာရှိ အခြေစိုက်စခန်းထိ FlyCart 30 ဒရုန်းကို အသုံးပြုပြီး ပို့ဆောင်ရေး များ ခေါက်တုံ့ခေါက်ပြန် ပြုလုပ်ရာတွင် လည်း အောင် မြင်ကြောင်း သိရသည်။
FlyCart 30 ဒရုန်းသည် လေ တိုက်ခံနိုင်မှု၊ အပူချိန်နိမ့်ကျမှုနှင့် အလေးချိန်သယ်နိုင်စွမ်း စမ်းသပ်မှုများ အပါအဝင် လုပ်ငန်းတာဝန် လွန်ကဲသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ပြင်းထန်သည့် စမ်းသပ်မှုများ ပြုလုပ်ထား ကြောင်း DJI ဒရုန်းကုမ္ပဏီက ပြောသည်။
ဒရုန်းဖြင့် ပစ္စည်းပို့ခြင်းသည် ဧဝရတ်တောင်ပေါ်သို့ ရိက္ခာပစ္စည်းများ အသက်စွန့် ပို့ပေးနေရသည့် ဒေသခံ လမ်းပြ အထမ်းသမားများကို ဝန်ထုပ် ဝန်ပိုး လျော့ပါးစေနိုင်ရန် ရည်ရွယ် ကြောင်း DJI ကုမ္ပဏီ၏ ကော်ပိုရိတ် မဟာဗျူဟာ အကြီးတန်း ဒါရိုက်တာ ခရစ္စတီနာကျန်င်က ပြောသည်။
(ref: Reuters)