လန်ဒန်၊ ဇွန် ၉
စကော့တလန်မြို့ ဂလပ်စကို အခြေစိုက် IF Water ကုမ္ပဏီက ပိုမိုဘေးကင်းသည့် ရေသန့်စင်မှု နည်းလမ်းသစ်ကို တီထွင်ထားပြီး ပလတ်စ တစ်သောက်ရေဘူးများအစား ပိုမိုကျန်းမာသည့် သဘာဝ သောက် သုံးရေကို ရရှိနိုင်မည်ဖြစ်ကြောင်း IF Water စီအီးအိုဒန်ကန်ပီတာက ပြောသည်။
ဗြိတိန်နိုင်ငံရှိ လူထောင်ပေါင်း များစွာသည်ပလတ်စတစ် ရေသန့်ဘူး အပေါ် အဓိကမှီခိုနေရခြင်းကြောင့် ယင်းကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ပုဂ္ဂလိကရေတွင်းများနှင့် စမ်းရေများကို မှီခိုနေရသည့် စကော့တလန်ရှိ အိမ်ရာပေါင်း ၂၂,၀၀၀ အတွက် ရည်ရွယ် ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါနည်းပညာကို စကော့တလန် အနောက်ဘက်ရှိ ဟိုတယ်တစ်ခုက တပ်ဆင်သုံးစွဲနေပြီး တစ်နှစ်လျှင် ရေသန့်ဘူးဖိုး ဒေါ်လာ ၁၆,၀၀၀ ဝန်းကျင် သုံးစွဲနေရသည့် အဆိုပါဟိုတယ်တွင် IF Water စနစ်ဖြင့် တစ်ရက်လျှင် သဘာဝရေသန့်လီတာ ၂၅၀ အထိ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
မူပိုင်ခွင့် တင်ထားဆဲဖြစ်သည့် IF Water စနစ်သည် ရေကို ပေါင်းခံရန် စက်ပိုင်းဆိုင်ရာ အခိုးအငွေ့ ဖိသိပ်မှု နည်းပညာကို အသုံးပြုထားပြီးယင်း စနစ် သည် ကမ္ဘာပေါ်ရှိ မည်သည့် ရေ အရင်းအမြစ်ကိုမဆို အလွန်မြင့်မား သည့် စံနှုန်းတစ်ခုအထိ သန့်စင်နိုင်သည် ဟု ဆိုသည်။
(ref: Daily Mail)