နယူးဒေလီ၊ ဇွန် ၉
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရင်ဒြာ မိုဒီကို နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်တင်မြှောက်လိုက် ခြင်းကြောင့် ယင်းသည် တတိယ သက်တမ်းဝန်ကြီးချုပ်အဖြစ် သမိုင်းဝင် သွားပြီ ဖြစ်သည်။
ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိန္ဒိယ နိုင်ငံသည် ညွန့်ပေါင်းအုပ်ချုပ်သည့် အစိုးရအဖြစ် ပြန်လည်ရောက်ရှိလာပြီး ဝန်ကြီးချုပ်မိုဒီသည် ဇွန် ၉ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်မိုဒီ၏ ဘီဂျေပီပါတီ အပါအဝင် တီဒီပီနှင့်ဂျန်နာတာဒါ (ယူနိုက်တက်)ပါတီများပါဝင်သည့် ယင်း၏မဟာမိတ်များက မိုဒီကို ခေါင်းဆောင်အဖြစ် ကန့်ကွက်သူမရှိဘဲ တစ်ခဲနက်မဲပေးခဲ့ကြခြင်း ဖြစ်သည်။
ဘီဂျေပီပါတီသည် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ပြည်ထဲရေးနှင့်ဘဏ္ဍာရေး အဓိကဝန်ကြီးဌာနလေးခုကိုရယူနိုင်ဖွယ်ရှိပြီး မဟာမိတ်များက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ဆန္ဒရှိနေကြောင်း အိန္ဒိယမီဒီယာအချို့ က ရေးသားဖော်ပြသည်။
(ref:CNA)