နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WhatsApp တွင် Animated Sticker များကို ထည့်သွင်းလာ

ရန်ကုန်  ဇူလိုင်   ၄


WhatsApp က စနစ်သစ်များထည့်သွင်းနေလျက်ရှိပြီး ယခုအခါတွင် အသုံးပြုသူများနှစ်သက်စေမည့် စနစ် အချို့ကိုထည့်သွင်းလာသည်။ WhatsApp က ကိုယ်ပိုင် Animated Sticker ကိုလည်း ထည့်သွင်းလာသည့် အပြင် Profiles အတွက် QR Codes လည်းထည့်သွင်းပေးထားသည်။ အကောင့်တစ်ခုစီမှာ QR Code တစ်ခုစီ ရှိနေမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် စကင်ဖတ်ကာ အကောင့်ကို အလွယ်တကူ Add လုပ်နိုင်မည်ဖြစ် သည်။ ထို့အပြင် WhatsApp က Group Video Call စနစ်ကိုလည်း ပိုကောင်းအောင်လုပ်ဆောင်လာသည်။ WhatsApp က ဝက်ဘ်ဗားရှင်းမှာလည်း Dark Mode ထည့်သွင်းလာသည်။ Dark Mode ကို WhatsApp ၏ မိုဘိုင်းဗားရှင်းတွင် အသုံးပြုနိုင်သည်မှာကြာနေပြီဖြစ်သော်လည်း ဝက်ဘ်ဗားရှင်းတွင် ယခုမှသာ အသုံးပြုနိုင် ခြင်းဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဗားရှင်းတွင် Animated Stickers၊ QR Codes စနစ်တို့ကိုလည်း မကြာမီကာလအတွင်း အသုံးပြုနိုင်အောင်လုပ်ဆောင်သွားရန်ရှိသည်။         


(သူရိန်)






အခြားဆက်စပ်သတင်းများ