နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်တွင် အီး-စီးကရက် သောက်သုံးမှု ပိတ်ပင်

ဟောင်ကောင်၊ဇွန် ၈

ဟောင်ကောင်တွင် လူငယ်များ ၏ ကျန်းမာရေး အကျိုးသက်ရောက်မှု များကြောင့် အီး-စီးကရက် သုံးစွဲမှု တားမြစ် ပိတ်ပင်ရေးအစီအစဉ်ကို စတင်လိုက် ပြီဖြစ်ကြောင်း ဇွန် ၇ ရက် တွင် ကြေညာသည်။

စီးကရက်နှင့်ဆေးရွက်ကြီး တင် သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ရောင်းချခြင်း တို့ကို တားမြစ်ပြီး နှစ်နှစ်အကြာတွင် ယခုကဲ့သို့ အီး-စီးကရက် သုံးစွဲမှု များကိုပါ တားမြစ်လိုက်ခြင်းဖြစ်ကြောင်း ကျန်း မာရေးဝန်ကြီးလိုချောင်မူက ပြောကြား သည်။

ဟောင်ကောင်တွင် အီး-စီးကရက် များကို စီးပွားဖြစ် ရည်ရွယ်ချက်အတွက် လက်ဝယ်ပိုင်ဆိုင်ခွင့် တားမြစ်ထားပြီး တားမြစ်ချက်ကို သက်တမ်းတိုးစနစ် ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

တည်ဆဲဥပဒေများအရဟောင် ကောင်တွင် အီး-စီးကရက် တင်သွင်း သူမည်သူမဆို ထောင်ဒဏ် ခုနှစ်နှစ် နှင့်ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ နှစ်သန်း (အမေရိကန်ဒေါ်လာ၂၅၆,၀၀၀) ချမှတ်နိုင်ပြီး ရောင်းချသူနှင့်ထုတ် လုပ်သူများကို ထောင်ဒဏ်ခြောက်လ အထိ ချမှတ်မည်ဖြစ်ကြောင်း သိရ သည်။








(ref:CNA)






အခြားဆက်စပ်သတင်းများ