လန်ဒန်၊ ဇွန် ၈
ဗြိတိန်နိုင်ငံတစ်ဝန်း ကမ်းရိုးတန်း ရေပြင်ရှိ ရေနေသတ္တဝါများတွင် ကိုကင်းနှင့် စိတ်ကြွဆေးပြားများကို တွေ့ရှိကြောင်း သိပ္ပံပညာရှင်များက ဇွန် ၇ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။
ယင်းနှင့်ပတ်သက်၍ ရေပြင်တွင် ထိတွေ့လုပ်ဆောင်နေရသူများက စိုးရိမ်ပူပန်နေကြပြီး ကိုကင်းဟုလူသိ များသည့် မက်သယ်လင်းနက်-ဒိုင်အောက်ဆီစိတ်ကြွဆေးနှင့် မက်သာဖက်တမင်း စိတ်ကြွဆေးများ ကိုကဏန်း၊ ကမာ၊ ပင်လယ်ရေမှော် များနှင့်သန်ကောင်များ စသည့် ရေ သတ္တဝါများတွင် တွေ့ရှိခြင်းဖြစ်ကြောင်း အဏ္ဏဝါဇီဝဗေဒပညာရှင် အဲလက်စ် ဖို့ဒ်က ပြောသည်။
လက်ရှိ လေ့လာမှုများအရရေကူး သမားများ၊ သင်္ဘောသားများ၊ လှိုင်း စီးသူများနှင့်စေတနာ့ဝန်ထမ်း နိုင်ငံသား များသည် ရေနှင့် ဆက်စပ်လုပ်ကိုင် နေရသဖြင့် ဖျားနာမှုများ များပြားလာရာ လုပ်ငန်းများကို ရပ်တန့်ထားကြောင်း သိရသည်။
ပင်လယ်ရေပြင်အတွင်း တွေ့ရှိ သည့် ညစ်ညမ်းမှုအချို့သည်မုန်တိုင်း နောက်ဆက်တွဲ ရေလျှံမှုနှင့်မိလ္လာ များကြောင့်ဖြစ်ပြီး ယင်းနေရာများ တွင် နှစ်ပေါင်းကြာရှည် အမှိုက်များ နှင့် ပြည့်နေကာ တားမြစ်ဓာတုပစ္စည်း များသည် ဆယ်စုနှစ်ချီ ပေါက်ကျယိုစီးမှု ဖြစ်နေနိုင်ကြောင်း ပါမောက္ခ အဲလက်စ် ဖို့ဒ်က ဆိုသည်။
အဏ္ဏဝါသက်ရှိများအပေါ် မူးယစ် ဆေးဝါးများ၏ အကျိုးသက်ရောက်မှုကို အပြည့်အဝ မသိရသော်လည်း ဆေးဝါး အာနိသင်များကြောင့် အချို့သတ္တဝါ များသည် သဘာဝအပြုအမူ ပြောင်း လဲလာနိုင်ကြောင်း သိရသည်။
(ref:Reuters)