နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား ရေတပ်သင်္ဘောအုပ်စု ကျူးဘားသို့ အလည်အပတ် သွားရောက်

ဟာဗားနား၊ဇွန် ၈

ရုရှားနျူကလီယားရေငုပ်သင်္ဘော Kazan ပါဝင်သည့် ရုရှားရေတပ် သင်္ဘောအုပ်စုတစ်ဖွဲ့သည် ကျူးဘား နိုင်ငံ ဟာဗားနားဆိပ်ကမ်းသို့ ဇွန် ၁၂ရက်တွင် တရားဝင် အလည်အပတ် ရောက် ရှိမည်ဖြစ်ကြောင်း ကျူးဘား စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၂၀၂၄ ခုနှစ် ဇွန် ၁၂ရက်မှ ၁၇ရက်အထိ ရုရှားရေတပ်သင်္ဘောလေးစင်းသည် ဟာဗားနားဆိပ်ကမ်းသို့ တရားဝင် လာရောက်လည်ပတ် မည်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

အဆိုပါအဖွဲ့တွင် ဖရီးဂိတ်သင်္ဘော The Admiral Gorshkov၊ နျူကလီးယားရေငုပ်သင်္ဘော The Kazan၊ လောင်စာရည်တင်သင်္ဘော Akademik Pashin နှင့် ကယ်ဆယ် ရေးဆွဲသင်္ဘော The Nikolay Chiker တို့ ပါဝင်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်သည် ကျူးဘား နှင့်ရုရှားကြား သမိုင်းဝင် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကို ဖြစ်ပေါ် စေပြီး နိုင်ငံတကာ စည်းမျဉ်းများ နှင့်လည်း တိတိကျကျလိုက်လျော ညီထွေဖြစ်ကြောင်း ကျူးဘား ကာကွယ် ရေးဝန်ကြီးဌာက ဆိုသည်။ 

အလည်အပတ် ရောက်ရှိစဉ်အတွင်း ရုရှားသင်္ဘောသားများသည်ကျူးဘား ရေတပ်၏ တပ်မှူးနှင့်ဟာဗားနား အုပ်ချုပ်ရေးမှူးတို့ကို သွားရောက် တွေ့ဆုံမှု အပါအဝင် အခြားအစီအစဉ် များကို ဆောင်ရွက်မည်ဖြစ်ကာ သမိုင်း ဝင် ယဉ်ကျေးမှုဆိုင်ရာ နေရာများကို လည်း သွားရောက်လည်ပတ်ကြမည် ဖြစ်သည်။                           







(ref:AFP)






အခြားဆက်စပ်သတင်းများ