နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလအထွေထွေညီလာခံသဘာပတိ ကင်မရွန်ဝန်ကြီးချုပ်ဟောင်း ဖီလီမွန်ယန်းကို တင်မြှောက်

နယူးယောက်၊ ဇွန် ၈

 ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ကင်မရွန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဖီလီမွန်ယန်းကို တင်မြှောက်လိုက် ကြောင်း သိရသည်။

ယင်းသည် ၇၈ ကြိမ်မြောက် ညီလာခံ သဘာပတိအဖြစ် ဆောင်ရွက် ခဲ့သည့် ဒင်းနစ်ဖရန်စစ်ထံမှ လာမည့် စက်တင်ဘာ ၁၀ ရက် ညီလာခံဖွင့်ချိန် တွင် သဘာပတိတာဝန်ကို လွှဲပြောင်းရ ယူမည်ဖြစ်သည်။

မစ္စတာယန်းကို ၁၉၄၇ ခုနှစ် ဇွန်လတွင် မွေးဖွားခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကင်မရွန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ကာ ၂၀၂၀ ပြည့်နှစ်ကစ၍ သမ္မတ၏ အမျိုးသားဂုဏ်ထူးဆောင်ဆု အဓိ ပတိကြီးအဖြစ် တာဝန်ထမ်းဆောင် နေကြောင်း သိရသည်။

ကင်မရွန်နိုင်ငံသည် ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိအဖြစ် ရွေးချယ်ခံရသည့် အာဖရိကနိုင်ငံများအနက်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ယူဂန်ဒါနှင့် ၂၀၁၉ ခုနှစ်တွင် နိုင်ဂျီးရီးယားတို့ ရွေးချယ်ခံခဲ့ရသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ