ဆိုးလ်၊ ဇွန် ၈
တောင်ကိုရီးယား တက်ကြွလှုပ်ရှား သူအုပ်စုသည် ဝါဒဖြန့် လက်ကမ်း စာစောင်များ ပါဝင်သည့် ကြီးမားသော မိုးပျံပူဖောင်းများကို ဇွန် ၇ ရက်က မြောက်ကိုရီးယားဘက်သို့ ပြန်လည် လွှတ်တင်နေကြောင်း သိရသည်။
တောင်ကိုရီးယားသည် မြောက် ကိုရီးယားနှင့်တင်းမာမှု ဖြေလျှော့ရေး ဆိုင်ရာ သဘောတူညီချက်ကိုရပ်ဆိုင်း ပြီး နယ်စပ်လိုင်းတွင် စစ်ရေးလှုပ်ရှားမှု များ ပြန်စရန် ပြင်ဆင်နေချိန် ဝါဒ ဖြန့်မိုးပျံပူဖောင်းများ မြောက်ကိုရီးယား ဘက် လွှတ်တင်ခြင်းကို ပြန်လည် လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ရက်များက ၎င်းတို့၏အမှိုက်ထုပ် မိုးပျံပူဖောင်းများ တောင်ကိုရီးယား ဘက်စေလွှတ်နေမှုကို ရပ်တန့်လိုက် သော်လည်း တောင်ကိုရီးယား တက်ကြွ လှုပ်ရှားသူများဘက်က ပြန်လုပ်လာ မည်ဆိုပါက ပြန်စမည်ဖြစ်ကြောင်း သတိပေးထားသည်။
မြောက်ကိုရီးယားမှ ဘက်ပြောင်း ခိုလှုံသူ ပတ်ခ်ဆန်ဟက် ဦးဆောင် သည့် တောင်ကိုရီးယား အရပ်ဘက်အဖွဲ့ တစ်ခုက ပြုံယမ်း ဆန့်ကျင်ရေး လက် ကမ်းစာစောင်များ၊ ကေပေါ့ပ်သီချင်း များနှင့်တောင်ကိုရီးယား ဇာတ်လမ်း များ ထည့်သွင်းထားသော USB stick များအပြင် အမေရိကန် တစ်ဒေါ်လာတန် ငွေစက္ကူများ ပါဝင်သည့် မိုးပျံပူဖောင်း ၁၀ လုံးကို နယ်စပ်မြို့တစ်မြို့က လွှတ် တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
(ref:ABC News)