နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Cherry FM ၁၀ နှစ်ပြည့်အထိမ်းအမှတ်ဖျော်ဖြေပွဲ Audio CD ကို ဇူလိုင် ၆ ရက်တွင် ဖြန့်ချိမည်

ရန်ကုန်  ဇူလိုင်   ၄


Cherry FM ၁၀ နှစ်ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲ Audio CD ကို ဇူလိုင် ၆ ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။ Cherry FM ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Cherry FM ၁၀ နှစ်ပြည့် အထိမ်းအမှတ် Audio CD ခွေတွင် ကျားပေါက်၊ ဝေလ၊ စိုင်းလိတ်၊ သာဒီးလူ၊ Bunny Phyoe၊ ရဲရင့်အောင်၊ G Fatt၊ ဖိုးပြည့်၊ မိစန္ဒီ၊ ပန်းရောင်ခြယ်၊ ပိုပိုဟေသာ၊ အမရာဘုဏ်းနှင့် Mary တို့က ပါဝင်သီဆိုထားခြင်းဖြစ်သည်။


အဆိုပါသီချင်းခွေကို The Sun Music ထုတ်လုပ်ရေးမှ ဖြန့်ချိပေးမည်ဖြစ်ပြီး Joox၊ Spotify နှင့် Apple Music တို့ကလည်း နားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် သီချင်းခွေမထွက်မီတစ်ရက်စောပြီး ဇူလိုင် ၅ ရက်တွင် Cherry FM Official Facebook Page နှင့် YouTube တို့မှတစ်ဆင့် သီချင်းများကိုလက်ဆောင်အဖြစ် ဖြန့်ဝေပေးသွားရန်အစီအစဉ်ရှိသည်။                                                                                                 


(သူရိန်)






အခြားဆက်စပ်သတင်းများ