နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပန်းဖြေ Resort များကြောင့် ဝါးအသုံးအဆောင်၊ပရိဘောဂများ အဝယ်လိုက်

ရန်ကုန်   ဇွန် ၈

ရန်ကုန်မြို့တွင်း Camp ခရီးစဉ်ပြုလုပ်ရာနေရာများနှင့် အပန်းဖြေ Resort များက ဝါးလက်မှုထည်များ အပါအဝင် ဝါးဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင်နှင့် ပရိဘောဂ၊ဝါးတဲ အဆောက်အအုံစသည်တို့ကို အော်ဒါမှာယူမှုရှိကြောင်း သိရ သည်။

ဝါးပရိဘောဂနှင့် အဆောက်အအုံများကို ပွင့်လင်းရာသီတွင် အော်ဒါမှာယူမှု မြင့်တက်လေ့ရှိသော်လည်း ယခုနှစ်မိုးကာလ တွင် အပန်းဖြေ Resort များမှ အော်ဒါမှာယူမှုကြောင့် ပုံမှန် ရောင်းအားရှိနေပြီး ပရိဘောဂပစ္စည်းတစ်ခုလျှင် ငွေကျပ် သုံးသိန်းမှ သိန်း ၃၀ အထိ ကျသင့်ကြောင်း သိရသည်။

အလားတူ ဝါးလက်မှုထည်တစ်ခုကို ကျပ် ၇၀၀ မှ ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းသတ်မှတ်ရောင်းချခြင်းများရှိ ကာ ဝါးဖြင့်ပြုလုပ်ထားသော လက်မှုထည်များကို အဓိကအားဖြင့် နေပြည်တော်၊ ပုဂံနှင့်ရှမ်းပြည်နယ်များက အများဆုံးမှာယူကြပြီး အခြားသော နယ်ဒေသများကလည်း မှာယူကြသည်။

ဝါးလက်မှုထည်များတွင် စုဘူး၊ မီးအိမ်၊ နာရီ၊ ရေနွေးကရား စသည်တို့ပါဝင်ပြီး ဝါးဖြင့်ပြုလုပ်ထားသော နားနေဆောင်များ၊ ဝါးပရိဘောဂများအပါအဝင်  စားသောက်ဆိုင် အပန်းဖြေစခန်း များအတွက် ဝါးဆက်တီစသည်တို့ကိုလည်း အဓိကမှာယူလျက် ရှိကြောင်း သိရသည်။                                  






အခြားဆက်စပ်သတင်းများ