နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးဦးကာလ သဘာဝဘေးနှင့်ကြုံတွေ့ပါက ထောက်ပံ့ရေးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားရှိ

ရန်ကုန်   ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနအနေနှင့် တိုင်းဒေသကြီးအတွင်း မိုးဦးကာလများ၌ ဖြစ်ပွား တတ်သော သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး လိုအပ်လာပါက အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းများကို အလျင်အမြန် ထောက်ပံ့ပေးနိုင်စေရန်အတွက် သိုလှောင်ရုံများတွင် အဆင်သင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ သိုလှောင်ရုံတွင် ထောက်ပံ့ရေးပစ္စည်းတွေကို အိမ်ထောင် စု ၅၀ဝ၀ စာ ကြိုတင်ပြင်ဆင်ထားပါတယ်။ ခရိုင်ရုံး တစ်ရုံးစီမှာ လည်း အိမ်ထောင်စု ၁၀ဝ စာစီ ဖြန့်ခွဲထားရှိပါတယ်။ လိုအပ် လာရင် တိုင်းဒေသကြီးဦးစီးမှူးရုံးကနေ အလျင်အမြန် ဖြန့်ဝေပေး နိုင်ရန် စီစဉ်ဆောင်ရွက်ထားပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

သဘာဝဘေးဖြစ်ပွားလာပါက ရန်ကုန်တိုင်းဒေသကြီးဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေနှင့် သဘာဝဘေးသင့် ပြည်သူများကို လတ်တလော သက်သာချောင်ချိရေးအတွက် အဓိကအားဖြင့် ပုဆိုး၊ လုံချည်၊ စောင်၊ ခြင်ထောင်၊ ဒန်အိုး၊ ဇလုံ၊ ဇွန်း၊ မတ်ခွက်၊ ရေချိုးခွက်၊ တဘက်၊ စသည့် လူအသုံးအဆောင် ပစ္စည်းများအပါအဝင် စုစုပေါင်းထောက်ပံ့ရေးပစ္စည်း ၁၆ မျိုး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ၊ ငါးလအတွင်း သဘာဝဘေးဖြစ်ပွားမှု ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါသဘာဝဘေးသင့် ပြည်သူများကို ရန်ကုန် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စုစုပေါင်း ကျပ် ၅၈ ဒသမ ၅၇ သန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                                                              







(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ