ရန်ကုန် ဇွန် ၈
၂၀၂၆ ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု ပဉ္စမပွဲအဖြစ် မြန်မာ အသင်းနှင့် ဂျပန်အသင်းတို့ သည် ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေး ကြသည်။
ဒုတိယအဆင့် ခြေစစ်ပွဲတွင် အာရှအင်အားကြီးအသင်းများ နှင့် တစ်အုပ်စုတည်းကျရောက် နေသဖြင့် ရလဒ်ကောင်းရယူ နိုင်ရန် ရုန်းကန်နေရသည့် မြန်မာအသင်းသည် လေးပွဲ အပြီး ရမှတ်(၁) မှတ်သာရယူ နိုင်ခဲ့သည်။
ယခုပွဲတွင် ဂျပန် အသင်းက မြန်မာအသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသည်။
ထို့ကြောင့် ၅ပွဲကစားအပြီး ဂျပန်အသင်းက ၁၅ မှတ်၊ ဆီးရီးယားအသင်းက ၇ မှတ်၊ မြောက်ကိုရီးယားအသင်းက ၆မှတ်၊ မြန်မာအသင်းက ၁ မှတ် ရရှိထားသည်။ မြန်မာအသင်း သည် ဇွန် ၁၁ ရက်တွင် မြောက် ကိုရီးယားအသင်းနှင့်အဝေး ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။
ဇွဲထက်ကို(ပြန်/ဆက်)