ဇွန် ၆ ရက်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်း များ ပူးပေါင်းအင်အား (၂၅) ဦးဖြင့် (၅၉)ရပ်ကွက်၊ ပဲခူးမြစ်လမ်း (ရတနာလမ်းနှင့် မြနန္ဒာလမ်းအကြား)တွင် မြက်ဖြတ်စက်နှစ်လုံး အသုံးပြု၍ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ Chain Saw တစ်လုံးအသုံးပြု၍ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်း ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်များကို ယာဉ်တစ် စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်