ဇွန် ၆ ရက်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား (၂၁)ဦးဖြင့် အမှတ်(၁၁) ရပ်ကွက်၊ သစ္စာလမ်း ဘေးရှိ ရေဆင်းဖြတ်မြောင်း နှာပေါက်များအတွင်းမှ အမှိုက်၊ သဲခဲ များ ရှင်းလင်းခြင်း၊ အမှတ်(၁၆) ရပ်ကွက်၊ မြောက်မြင်းပြိုင်ကွင်း လမ်းဘေးရှိ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်း များဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲ များ လှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး Petro K ဆီဆိုင်ရှေ့မှဖြတ်၍ ခုနှစ်ပင်လိမ်ချောင်းသို့ စီးဆင်း သောရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူ ရှင်းလင်းခြင်း၊ မြောင်းစပ်ရှိအမှိုက်များ သိမ်းဆည်း၍ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေး များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်