ရန်ကုန်၊ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/ ၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ သင်တန်းနည်းပြ များ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်နေခြင်းဖြစ်သည့်အတွက် မိမိတို့ နိုင်ငံ သား တိုင်းအနေဖြင့် ဥပဒေကို သိရှိနားလည်လိုက်နာ နိုင်ရန်လိုအပ်ပြီး ဥပဒေပညာရပ်များကိုကျယ်ပြန့် စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေး သည်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်နေ ကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုး ရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ယခုလို ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ မြို့ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နဲ့တရား ရေးအဖွဲ့အစည်းတွေရဲ့ တာဝန်မျှသာမကဘဲ ပြည်သူလူထုတစ်ရပ်လုံးနဲ့လည်း သက်ဆိုင်ပါ ကြောင်း၊ ပြည်သူလူထုမှ တရားဥပဒေကို သိရှိ နားလည်လိုက်နာမှသာ လူမှုဘဝမြှင့်တင်မှုများ တွင်အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ပြီး၊ ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် ဥပဒေပညာပြန့်ပွားရေးကို အလေးထားဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုတွေအနေ နဲ့တရားဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာ မှတရားဥပဒေစိုးမိုးမှုမြင့်မားပြီး တည်ငြိမ်အေးချမ်း မှုရှိမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center) ဖွင့်လှစ်ထားရှိသည့် Video Clip ကို ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူ များကကြည့်ရှုပြီး၊ သင်တန်းနည်းပြများ၊ သင်တန်း သား၊ သင်တန်းသူများနှင့်အတူအမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၆၀) ဦးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၄၀) ဦး စုစုပေါင်း(၁၀၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေနှင့် နည်းဥပဒေများ၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ လက်နက်ဥပဒေ၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ နှင့်နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေနှင့် အများနှင့်သက်ဆိုင် သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ တစ်လင်တစ် မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ အမျိုးသား ပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေ၊ အသင်း အဖွဲ့မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေစသည့် ဘာသာရပ်များကို အလုံမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း တွင် နှစ်ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။
ဝင်းမင်း(ပြန်/ဆက်)