နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာနယ်လစ်နှင့် ဇနီးလောင်းကို သတ်ဖြတ်မှုအတွက် ဆလိုဗက်ကီးယားစစ်သည်ဟောင်းကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်

ဧပြီ ၇၊ ဘရာတီဆလာဗာ ဂျာနယ်လစ် ကူစီယက်နှင့် ယင်း၏ဇနီးလောင်းတို့ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဆလိုဗက်ကီးယားနိုင်ငံမှ စစ်သည်တစ်ဦးကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက အသက် ၂၇ နှစ်အရွယ်ရှိသည့် ဂျာနယ်လစ် ကူစီယက်နှင့် ယင်း၏ဇနီးလောင်း ကူစနီရိုဗာတို့ကို သတ်ခဲ့သည်ဟု ဆလိုဗက်ကီးယားစစ်သည်ဟောင်း မာဆက်က ပြောသည်။ ကူစီယက်မှာ အကျင့်ပျက်ခြစားမှုများကို စုံစမ်းဖော်ထုတ်ရေးသားသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။ ကူစီယက်နှင့် ယင်း၏ဇနီးလောင်း အသတ်ခံရသည့်ဖြစ်ရပ်ကြောင့် ဆလိုဗက်ကီးယားနိုင်ငံတွင် အကြီးအကျယ်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ်ရောဘတ်ဖီကိုမှာလည်း ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ဆလိုဗက်ကီးယားနိုင်ငံ၏ နာမည်ကျော်စီးပွားရေးသမား ကိုစီနာနှင့် အပေါင်းအပါနှစ်ဦးကို စွဲချက်တင် ထားသော်လည်း ယင်းတို့က လူသတ်မှုအတွက် အပြစ်မရှိဟု ဆိုသည်။ ယင်းတို့ကို သီးခြားရုံးတင်စစ်ဆေးလျက်ရှိသည်။ ပြစ်မှုစီရင်ချက်ချမှတ်ခဲ့သည့် အထူးရာဇဝတ်တရားရုံးသို့ တရားခံ မာဆက် လာရောက်ခဲ့ခြင်းမရှိပေ။ အစိုးရရှေ့နေက မာဆက်ကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း တရားရုံးက ထောင်ဒဏ် ၂၃ နှစ်သာ ချမှတ်ခဲ့၍ အယူခံဝင်သွားမည်ဟု အစိုးရရှေ့နေက ပြောသည်။ ကူစီယက်မှာ ဆလိုဗက်ကီးယားနိုင်ငံမှ စီးပွားရေးသမားများ၏ အကျင့်ပျက်ခြစားမှု၊ အီတလီနိုင်ငံ၏ အန်ဒရန်ဂီတာမာဖီးယားဂိုဏ်းက ဆလိုဗက်ကီးယားနိုင်ငံရေးသမားများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းနေခြင်း စသည့် သတင်းများကို ရေးသားခဲ့သူဖြစ်သည်။ ကူစီယက်၏ စုံစမ်းစစ်ဆေးမှုတွင် ကိုစီနာက အဓိကအခန်းကဏ္ဍမှ ပါဝင်နေခဲ့ရာ ကိုစီနာက ကူစီယက်ကို သတ်ရန် ခိုင်းစေခဲ့ခြင်းဟု အစိုးရရှေ့နေများက စွပ်စွဲထားသည်။ သို့သော် အဆိုပါစွဲချက်ကို ကိုစီနာက ငြင်းဆန်ထားသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ