ဇွန် ၅ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား (၁၆) ဦးဖြင့် အမှတ်(၁) ရပ်ကွက်၊ သစ္စာလမ်းနှင့် ရန်ကင်းလမ်းထောင့် ရေမြောင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ သဲခဲများ ရှင်းလင်းခြင်း၊ အမှတ်(၂) ရပ်ကွက်၊ ခုနှစ်ပင်လိန် ချောင်း (ရန်အောင်လမ်းနှင့် ရန်ကင်းလမ်းကြား) အတွင်း 7.5 ton Amphibious Excavator အသုံးပြု၍ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းမြေထိန်းနံရံရှိ မြက်ပင်ချုံနွယ်များ နှင့်တွယ်ကပ်ပင်များ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက် ကြစဉ်။
ယဉ်မွန်