နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း

ရန်ကုန်၊ ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် စားအုန်းဆီဖြန့်ဖြူး ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာ ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမျိုး မြင့်အောင်က ရန်ကုန်တိုင်းဒေသကြီး အတွင်း စားသုံးဆီရောင်းချနိုင်ရေးစီစဉ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း က စားသုံးဆီရောင်းချရာတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဇော်၊ တိုင်း ဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး မျိုးကြည်၊ တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြီး၊ တိုင်းဒေသကြီး ဥပဒေ ချုပ်ရုံး ညွှန်ကြားရေးမှူး ဦးထိန်လင်း ကျော်၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော် ကျော်လွင်နှင့် မရမ်းကုန်းခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက် ခိုင်တို့က မြို့နယ်အလိုက် စားအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ တိုးဝှေ့ တန်းစီဝယ်ယူနေခြင်းမျိုး မဖြစ်စေရန် နှင့် မိမိမြို့နယ်အတွင်း စာသုံးဆီရောင်း ချရာတွင် သတ်မှတ်ရည်ညွှန်းဈေး နှုန်းအတိုင်း ရောင်းချနိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများ၊ စစ်ဆေး ကြပ်မတ်မည့် အဖွဲ့အစည်းများက အားလုံးတိုင်ပင်ညှိနှိုင်း၍ စနစ်တကျ ဖြစ်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးကြရန်နှင့်လိုအပ်သည်များ ပြော ကြားသည်။ 







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ