ရန်ကုန် ဇွန် ၇
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကြည့်ရှု နိုင်မည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ဝန်ဆောင်ခ လိမ်လည်တောင်းခံမှုများရှိနေသဖြင့် သတိပြုရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားသည်။
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လက်ရှိ အချိန်ထိ တရားဝင်မထုတ်ပြန်ရသေးသော်လည်း ပြီးခဲ့သည့်မေလ ကတည်းက အောင်စာရင်းများ ကြည့်နိုင်ပြီဆိုသော ကောလာ ဟလများ ထွက်ပေါ်လျက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် အောင်စာရင်းနှင့်ပတ်သက်၍ အလိမ်ခံရခြင်းမှ ကင်းဝေးစေရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထပ်မံသတိပေး ထားခြင်းဖြစ်ပြီး နှစ်စဉ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်ကတစ်ဆင့် တရားဝင် ထုတ်ပြန်ကာ အခမဲ့ ကြည့်နိုင်ရန် စီစဉ်ပေးထားသည်ဟု ဆိုသည်။
တရားဝင်ကြေညာခြင်းမပြုမီ ထွက်ပေါ်လာသော မည်သည့် ပြောကြားချက်၊ကောလာဟလကိုမှ အတည်မပြုရန်နှင့်အောင် စာရင်းပုံစံနှင့်ပတ်သက်သော မည်သည့်ကြေညာ ထုတ်ပြန်ထား ချက်မှ မရှိသေးကြောင်း၊ အောင်စာရင်းပုံစံကိုလည်း သီးခြား ကြေညာချက် တရားဝင်မထုတ်ပြန်သရွေ့ ယခင်နှစ်များကထုတ် ပြန်သည့်ပုံစံအတိုင်းဟုသာ မှတ်ယူထားစေလိုကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန၏ လူမှုကွန်ရက် အကောင့်ဖြစ်သော Depart-ment of Myanmar Examinations အကောင့်နှင့် နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုတို့တွင် တရားဝင်ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။
(008)