ရန်ကုန် ဇွန် ၇
သန်လျင်မြို့နယ်တွင် ပဲခူးမြစ် ရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင် ရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဘော့ချောင်းတာ၊လဟာ ယက်တာ၊ ဖားကူး- ဒေးဇတ်တာ၊ ရွှေလှေ-ဖားကူးတာ၊ သာယာကုန်း-ဒေးဇတ်တာများဖြင့် ကာကွယ်ထားရှိပြီး၊ ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းချောင်းမှ ရေဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန် ဆေးလုံး ကြီး-ချောင်းစောက်တာတို့ဖြင့် ကာကွယ်ထားကြောင်းသိရသည်။
ပဲခူးမြစ်ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ဘော့ချောင်းတာကို ၁၉၈၆ ခုနှစ်က တည်ဆောက်ခဲ့ပြီး အလျား ၂၄ ဒသမ ၀၀ မိုင် ရှိကာ၊ လယ်ဧက (၄၁၈၈၀) ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးထားသည်။
ဘော့ချောင်းတာသည် ပဲခူးမြစ် ရေဝင်ရောက်ခြင်းမှကာကွယ် ခြင်းနှင့် ဘော့ချောင်းတာပေါ်ရှိ ဘော့ချောင်းရေတံခါး (၈ ပေx ၈ ပေ)ခုနစ်ပေါက်သည် မိုးစပါးရေကြီးနစ်မြုပ်မှုမှ ကာကွယ်ကာ ဧက(၁၀၄၈၅)နှင့် နွေစပါး (၁၀၀၀)ဧက အကျိုးပြုနေပြီး၊ ထော်သွန် ရေတံခါး အချင်းလေးပေ ရှစ်ပေါက်သည် မိုးစပါးရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်နှင့် မိုးစပါးဧက (၈၃၄၅)နှင့် နွေစပါး (၈၀၀)ဧကကို အကျိုးပြုနေပြီး သန်လျင်မြို့နယ်အတွင်းရှိ ကွင်းရေများကို ထုတ် နုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အလားတူ လဟာယက် ရေငန်တားတမံသည် အလျား ၅ ဒသမ ၂၅ မိုင်ရှိပြီး ၊၁၉၅၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည်။ နှစ်စဉ် မိုးစပါး (၃၂၇၉) ဧကကို ရေငန်ဝင်ရောက်ခြင်းမှကာကွယ်ပေး လျက်ရှိပြီး တာပေါ်တွင် လဟာယက်ရေတံခါးကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် တောင်သူလယ်သမားများ မိုးစပါး ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ခြင်း ပိုလျှံရေများ ကောင်းစွာ ထုတ်နုတ်ပေးလျက်ရှိသည်။ ထို့အတူ ဖားကူး-ဒေးဇတ်ကမ်းပတ်တာသည် အလျားမိုင် ၂ ဒသမ ၀၀ မိုင် ရှိပြီး (၂၀၁၆) ခုနှစ်တွင် တည်ဆောက်ပြီးစီးသည်။ နှစ်စဉ် မိုးစပါးဧက (၂၅၀၀) ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိသည်။ ထို့ပြင် တာပေါ်တွင် အထောင်ရေတံခါးကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မိုးစပါးများ ရေငန်ဝင်ရောက်ခြင်းမှကာ ကွယ်ပေးပြီး ပိုလျှံရေများကို ကောင်းစွာထုတ်နုတ်ပေးလျက်ရှိ သည်။
ရွှေလှေ-ဖားကူးကမ်းပတ်တာသည် အလျား မိုင် ၄ ဒသမ ၀၀ မိုင်ရှိပြီး (၂၀၁၆) ခုနှစ်တွင် တည်ဆောက်ပြီးစီးသည်။နှစ်စဉ် မိုးစပါးဧက (၃၀၀၀) ကို ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ပေး လျက်ရှိသည်။ တာပေါ်တွင် ဝင်းခနီးရေတံခါးကို (၂၀၁၉-၂၀၂၀) ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် ရေငန်ဝင်ရောက်ခြင်းမှ ကာ ကွယ်ရန်နှင့် ပိုလျှံရေများ ကောင်းစွာ ထုတ်နုတ်ပေးလျက်ရှိသည်။
ထို့အပြင် သာယာကုန်း-ဒေးဇတ်ကမ်းပတ်တာသည် အလျားမိုင် ၃ ဒသမ ၀၃ မိုင်ရှိပြီး (၂၀၁၆) ခုနှစ်တွင် တည်ဆောက် ပြီးစီးကာ နှစ်စဉ် မိုးစပါး (၃၂၇၉) ဧကကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက် ရှိသည်။ ၎င်းတာပေါ်တွင် ကုလားတန်းရေတံခါးကို ၂၀၁၆-၂၀၁၇ ခုနှစ် တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မိုးစပါးများ ရေငန် ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး ပိုလျှံရေများကို ကောင်းစွာ ထုတ်နုတ်ပေးလျက်ရှိပြီး ဆေးလုံးကြီး-ချောင်းစောက် ရေငန်တား တမံသည် အလျား ၄ ဒသမ ၆၃ မိုင်ရှိကာ (၁၉၈၃) ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး အကျိုးပြုဧက (၄၁၈၈၀) ရေကြီးနစ်မြုပ် မှုမှ ကာကွယ်ပေးလျက်ရှိကာ ပိုလျှံရေများကို ကောင်းစွာထုတ် နုတ်ပေးလျက်ရှိသည်။
ထို့အပြင် သန်လျင်မြို့နေပြည်သူများနှင့် သီလဝါစက်မှုဇုန်တို့၏ သောက်သုံးရေအတွက် ဇာမဏီအင်းရေလှောင်တမံနှင့် ကျောက် တန်း မြို့နေပြည်သူများအတွက် ဘန့်ဘွေးကုန်းရေလှောင်တမံတို့မှ လည်းရေသိုလှောင်၍ တစ်နှစ်ပတ်လုံး သောက်သုံးရေ ဖြန့်ဝေပေး လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေပေးဝေရေး၊ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေး၊ မြေနိမ့်ပိုင်းစိုက်ကွင်းများသို့ရေငန်ဝင်ရောက်မှုတားဆီးရေးလုပ်ငန်းများအပြင်၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါ က အနိမ့်ပိုင်းဒေသများရှိ စိုက်ခင်းများနှင့်လူနေရပ်ကွက်များသို့ ရေငန်ဝင်ရောက်မှုမရှိစေရန်နှင့်မြို့ပြနေပြည်သူများ သောက်သုံးရေ မပြတ်လပ်စေရန်အတွက် တမံများတွင် ဆည်ရေလုံလောက်စွာ သို လှောင်ထားရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ
ရဲနန္ဒာလင်းမြင့်