နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီး ယခင်အပန်းဖြေဥယျာဉ်နှင့်ကစားကွင်းဟောင်းနေရာ သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇွန်  ၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်တာဝန်ရှိသူများလိုက်ပါ လျက် ယနေ့နံနက် ၆ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ဗိုလ်မင်းခေါင် လမ်းရှိ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနီး ယခင်အပန်းဖြေ ဥယျာဉ်နှင့် ကစားကွင်းဟောင်း နေရာကိုသန့်ရှင်းသာယာလှပ စေရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယခင်အပန်းဖြေ ဥယျာဉ် နှင့် ကစားကွင်းဟောင်းနေရာမြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သန့်ရှင်းရေးဌာနနှင့်ပန်း ဥယျာဉ်နှင့်အားကစားကွင်း များဌာနတို့မှ ဝန်ထမ်းအင်အား ၁၃၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊အုပ်မိုး ကိုင်းများ ဖြတ်ညှိပုံသွင်းအလင်း ဖွင့်ခြင်း၊ သစ်ရွက်ကြွေအမှိုက် များ ရှင်းလင်းခြင်း၊ မြေထိုးစက် ဖြင့်မြေကမူများ၊ မြေနိမ့်နေရာ များထိုးညှိခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်း၊ ဆောင်ရွက်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အမှိုက်များကို အပြောင်ရှင်းစနစ်ဖြင့် တစ်ပါ တည်း သိမ်းဆည်းရှင်းလင်းရန်၊ သန့်ရှင်းရေးလုပ်ငန်းများ ပြီးစီး ပါက ရေစီးရေလာကောင်းမွန် ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်နှင့်ဗိုလ်မင်းခေါင် လမ်းလယ်ကျွန်းတစ်လျှောက် မြက်များဖြတ်ညှိ၍ သစ်ပင် အောက်တက်များ ရှင်းလင်းပုံ သွင်းရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

   







သတင်း-ရဲနန္ဒာလင်းမြင့်

      ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ